လူနှင့်အလုပ်

ပီမိုးနင်း

600 Kyats ကျပ်
လူတိုင်းဟာ အလုပ်နဲ့ မကင်းကြပါဘူး။ အလုပ်မရှိတဲ့ လူကိုလည်း လူတွေက လူပေါ့လူပျင်း လူဖျင်းလူညံ့တစ်ယောက်အဖြစ် သတ်မှတ်ထားတတ်ကြပါတယ်။ ဒီတော့ လူနဲ့ အလုပ်ဆိုတာ အရေးကြီးလှတဲ့ အရေးပါလှတဲ့ အတွဲအစပ်တစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်ဟာ လူတစ်ယောက်ရဲ့ အရည်အချင်းကို အနီးစပ်ဆုံး မှတ်ကျောက်တင်နိုင်တဲ့ ယေဘုယျသဘောလည်း ဖြစ်တာမို့ လူနဲ့အလုပ်၊ အလုပ်နဲ့လူဟာ မပတ်သက်ဘဲ နေလို့မရတဲ့ အရာပါပဲ။ ဒီစာအုပ်မှာ ဆရာကြီး ပီမိုးနင်းက အလုပ်လုပ်ကြမယ့် လူတွေအတွက်၊ အလုပ်လုပ်နေကြတဲ့ လူတွေအတွက် အလုပ်လုပ်ရာမှာ အရေးပါ အရာရောက်ပြီး မိမိ လုပ်ဆောင်တဲ့ အလုပ် အောင်မြင်တိုးတက်ကြီးပွားဖို့အတွက် လမ်းညွှန်ချက်တွေကို အသေးစိတ် ရေးသားထားပါတယ်။