စကားပြောဟောနည်း

ပီမိုးနင်း

600 Kyats ကျပ်
စကားပြောကောင်းသူကို လူတွေက သဘောကျတတ်ကြတာ သဘာဝပဲ မဟုတ်ပါလား။ လူတိုင်းကတော့ စကားပြော မကောင်းနိုင်ကြပါဘူး။ လူတွေထဲက တချို့ကတော့ စကားအပြောအဟော ကောင်းတတ်ကြတယ်။ တချို့က ပင်ကိုဗီဇ ပါရမီအရ အပြောကောင်း အဟောကောင်း၊ တချို့ကတော့ အပြောကောင်းသူဖြစ်ဖို့ အချိန်ပေး လေ့ကျင့်ရင်း အပြောအဟော ကောင်းသူတွေ ဖြစ်သွားကြပါတယ်။ အပြောကောင်းခြင်းမှာ အင်္ဂါရပ် (၁၃) ချက် ရှိတယ်လို့ ဆိုပါတယ်။ နှုတ်လျင်ခြင်း၊ စိတ်ဝင်စားခြင်း၊ အသောပါခြင်း၊ အတွေ့အကြုံများခြင်း၊ သရုပ်ထင်အောင် ပြောတတ်ခြင်း၊ ပုံသက်သေ တင်ပြခြင်း၊ အသံအနိမ့်အမြင့်နှင့် ကောင်းခြင်း၊ ပြတ်သားခြင်း၊ လက်ဟန်ကိုယ်ဟန် ကောင်းခြင်း၊ စဉ်းစားဆင်ခြင်ဉာဏ်ရှိခြင်း၊ အမူအရာကြွယ်ခြင်း၊ ပင်ကိုဉာဏ်ကောင်းခြင်း … စတဲ့ အင်္ဂါရပ်တွေ ပါဝင်ပါတယ်။ သင် အပြောအဟော ကောင်းသူ ဖြစ်လိုပါသလား၊ ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။