ပီမိုးနင်း၏ ပီမိုးနင်း

ပီမိုနင်း

600 Kyats ကျပ်
>> ဆရာကြီး ပီမိုးနင်းဟာ ခေတ်ပေါ်မြန်မာဝတ္ထုခေတ်ကို စခဲ့သူတစ်ယောက်၊ သြဇာကြီးတဲ့ စာရေးဆရာကြီးတစ်ဦး။ မြန်မာ စကားပြေ အရေးအသားမှာ ရှေ့ဆောင်သူ။ ခေတ်သစ် ဝတ္ထုတိုရေးနည်းကို လမ်းပြခဲ့သူ။ ဒါ့အပြင်၊ ဝံသာနု လှုပ်ရှားမှုခေတ်မှာ ပေါ်ထွန်းခဲ့ပြီး ဝံသာနုလှုပ်ရှားမှုကို အလုပ်အကျွေးပြုခဲ့တဲ့ ဝံသာနု စာရေးဆရာကြီးလို့လည်း ပြောနိုင်ပါသေးတယ်။ >> ပြီးတော့၊ သူဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပထမဆုံး ဇာတ်ညွှန်းရေးဆရာ။ စာရေးဆရာတွေထဲမှာ ပထမဆုံး ရုပ်ရှင်ဒါရိုက်တာလည်း ဖြစ်ခဲ့တယ်။ ဆရာကြီးဟာ ရိုးသားလွန်းတယ်။ လောကဓံရဲ့ ဆင်းရဲချမ်းသာနဲ့ အောင်မြင်မှု အနိမ့်အမြင့်တွေကို ခါးစည်းခံခဲ့ရဖူးတယ်။ ဒီလိုမျိုး သိပ် စိတ်ဝင်စားဖို့ ကောင်းလှတဲ့ ဆရာကြီး ပီမိုးနင်းအကြောင်းကို ဒီစာအုပ်ထဲမှာ ဖတ်ရှုနိုင်မှာပါ။ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။