သိဒၶတၳ

ပါရဂူ

600 Kyats ကျပ်
ဘာသာပြန်စာပေလောကမှာရော ၊ ဘာသာအယူဝါဒနဲ့ အတွေးအခေါ် ဒဿနဆိုင်ရာ နယ်ပယ်မှာရော အကြီးအကျယ် ရိုက်ခတ်သွားတဲ့ စာအုပ်ကို ပြပါဆိုရင် ဆရာပါရဂူ မြန်မာပြန်ထားတဲ့ ဒီစာအုပ်ကို လက်ညှိုးထိုးရလိမ့်မယ်။ ‘သိဒ္ဓတ္ထ’ ဆိုတာ ဂေါတမဗုဒ္ဓအကြောင်း ရေးထားတဲ့ ဗုဒ္ဓဝင်မဟုတ်ပါဘူး။ ဂျာမန်စာရေးဆရာကြီး ဟာမန်ဟက်စ် (HERMANN HESSE) ရဲ့ ‘SIDDHARTHA’ ဆိုတဲ့စာအုပ်ကို မြန်မာပြန်ဆိုထားတဲ့ နာမည်ပါ။ ဝတ္ထုထဲက အချိန်ကာလ (Timeline) ဟာ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိနေချိန်ကို နောက်ခံထားတယ်။ အဲ့ဒီအချိန်မှာ မဇ္ဈိမဒေသက ပုဏ္ဏားမျိုးနွယ်ဖွား ‘သိဒ္ဓတ္ထ’ ဆိုတဲ့ လူငယ်တစ်ယောက် ရှိတယ်။ သူက သူ့ရဲ့ မိရိုးဖလာ အစဉ်အလာနဲ့ ဘာသာရေးကို ဖောက်ထွက်ပြီး တကယ့် အမှန်တရား၊ သစ္စာတရားကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေလိုသူ ဖြစ်တယ်။ သူ ဘယ် ဒဿနကို ဆုပ်ကိုင်သွားလဲ ? သူ့ရဲ့ အတွေးအခေါ် ခံယူချက်က ဘယ်လောက်ထိ စိတ်ဝင်စားဖို့ကောင်းတယ် ဆိုတာနဲ့ နောက်ဆုံးမှာ သူလိုချင်တဲ့ သစ္စာတရားကို ဘယ်လိုရသွားမလဲ ဆိုတာ ဖတ်ရင်းဖတ်ရင်း ထမင်းမေ့ဟင်းမေ့ပဲ။ ဂေါတမဗုဒ္ဓကလည်း ဒီဝတ္ထုထဲမှာ ဇာတ်ကောင် (Character) တစ်ယောက်အဖြစ် ပါဝင်သေးတယ်။ ဆိုတော့ … ဖတ်ကြည့်ဗျာ … နော်။