မှော်နှုတ်ခမ်း၏ မာယာဗေဒ

ပန်းသီခိုင်

700 Kyats ကျပ်
မိန်းမတစ်ယောက်အတွက် ချစ်သူရည်းစားဆိုတာ ကောင်းကင်ပေါ်က ကြယ်ပွင့်ကလေးတွေလိုပဲ။ မထင်မရှား မှိတ်တုတ်မှိတ်တုတ်နဲ့ အများကြီးလည်း ရှိနိုင်တယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်အတွက် ခင်ပွန်းယောက်ျား ဆိုတာကတော့ ကောင်းကင်ပေါ်က တစ်စင်းတည်း ရှိတဲ့ လမင်းကြီးလိုပဲ။ တစ်လောကလုံးကို အနှိုင်းမဲ့စွာ အေးမြတဲ့ အလင်းရောင် ဖြာကျပေးစွမ်းသလိုမျိုး ဇနီးမယားရဲ့ ဘဝတစ်ခုလုံးကို အကြင်နာနဲ့ လွှမ်းခြုံပြီး အေးမြတဲ့ အလင်းရောင်နဲ့ လမ်းပြပေးမယ့်သူပါ။ ဒါကို အတိုင်းအတာ တစ်ခုအထိ လက်ခံကြလိမ့်မယ် ထင်ပါတယ်။ အချစ်ဆိုတာ ငါးမိုးတွေရွာပြီး သစ်ပင်မှာ ရွှေပွင့်ငွေပွင့်တွေ ဖူးပွင့်တယ် ဆိုတဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ပုံပြင်တစ်ပုဒ်လိုမျိုး ခံယူထားတဲ့ ‘စံ’ ဆိုတဲ့ ကောင်မလေးရဲ့ ချစ်ခြင်း လမ်းခရီးမှာ ကြယ်တွေနဲ့ပဲ တွေ့ဆုံရမလား၊ လမင်းကြီနဲ့ ဆုံတွေ့ရမလား ဆိုတာကို ဆွဲဆောင်မှုရှိရှိ ဖွဲ့ထားတဲ့ ဒီဇာတ်လမ်း ဇာတ်အိမ်ထဲမှာ မြင်တွေ့ ခံစားလိုက်ပါ။