အချစ်ဇာတ်လမ်း

ပန်းသီခိုင်

700 Kyats ကျပ်
သွက်လက်ထက်မြက်ပြီး ဆွဲငင်အားကောင်းလွန်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ လရိပ်ဆိုတဲ့ ကောင်မလေးဟာ ဆန့်ကျင်ဘက်တွေကို အသာထားဦး။ မိန်းကလေးချင်းတောင် နှစ်ခါပြန်ငေးရလောက်အောင် ညှို့အားပြင်းသူ။ လှလွန်းတဲ့ မိန်းကလေးတွေရဲ့ ထုံးစံအတိုင်းပဲ လရိပ်ဟာ ရည်းစားတွေကို ထည်လဲတွဲပြီး အသည်းကစားတမ်းကို ဝါသနာထုံသူ။ လရိပ်ရဲ့ သူငယ်ချင်း ချယ်ရီကတော့ ရိုးရိုးအေးအေးလေးနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးပါ။ စကားလည်းနည်း၊ အပြင်အသွားအလာလည်း သိပ်မရှိ၊ ကြောက်လည်း ကြောက်တတ်တဲ့ ချယ်ရီ။ လရိပ်စိမ်းနဲ့ ချယ်ရီတို့က အသွင်မတူပေမဲ့ ခင်မင်မှု အတိုင်းအတာ ကြီးမားတဲ့ သူငယ်ချင်းတွေပေါ့။ လရိပ်စိမ်းဟာ ရည်းစားတွေ ထည်လဲတွဲရင်း ရှင်းသန့်မိုးဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ထပ်ချစ်မိပြန်တယ်။ ရှင်းသန့်မိုးနဲ့ ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ ရှင်းသန့်မိုးရဲ့ သူငယ်ချင်း သူရတံခွန်ဆိုတဲ့ ကောင်လေးပါ လိုက်ပါလာတဲ့အခါ၊ လရိပ်စိမ်းရယ်၊ ချယ်ရီရယ်၊ ရှင်းသန့်မိုးရယ်၊ သူရတံခွန်ရယ်၊ ဒီဇာတ်ကောင်တွေရဲ့ ပတ်သက်မှုတွေ ဘယ်လို ဇာတ်လမ်းဆက်လာမလဲဆိုတာကိုတော့...