ကျွန်မ၏ ဂစ်တာတစ်စင်း

ပန်းသီခိုင်

700 Kyats ကျပ်
ကောင်မလေးက သူ့ဆီ ဖျတ်ခနဲ လှမ်းကြည့်သောအခါ ရင်ထဲ ရှိန်းခနဲ နွေးတက်သွား၏။ သူ မယုံနိုင်အောင် ဖြစ်သွားရသည်။ ဟိုကောင်မလေး လှမ်းကြည့်တာနှင့် သူက ဘာဖြစ်သွားရတာလဲ … လိပ်ပြာတစ်ကောင် ရင်ထဲမှာ ပျံဝဲနေသလို ခံစားမှုမျိုး။ ပျော်သလိုလို ကျေနပ်သလိုလိုနှင့် လှုပ်ခတ်နေသည်။ သမ္မတရုံမှာ တွေ့လိုက်စဉ်တုန်းကတော့ ပြန်ဆုံမယ်မှန်း မသိခဲ့သေးပါ။ နောက်ထပ် တွေ့ရတော့မှာ မဟုတ်ဟုသာ ထင်ခဲ့သည်။ (ဝတ္ထုမှ)