ဦးမင်းအောင်နှင့် ရေငံပိုင် စီးတော်ယာဉ်

ပန်သုငယ်

800 Kyats ကျပ်
ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်ဆန်းတွေကို ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းက တော်တော် စိတ်ဝင်စားစရာတော့ ကောင်းတယ်ဗျ။ ရေငံပိုင်ဦးရှင်ကြီးကို ကြားဖူးကြတယ် မဟုတ်လား။ ဒါပေမဲ့ ရေငံပိုင် စီးတော်ယာဉ်ကိုတော့ နားစိမ်းကြမယ် ထင်ပါတယ်။ ဟုတ်ကဲ့ … ရေငံပိုင် စီးတော်ယာဉ်က ဘယ်လိုလဲ၊ ဘယ်လိုသတ္တဝါမျိုးလဲ။ ငွေနှင်းမှုန်ဆိုတဲ့ မိန်းမချောလေးတစ်ယောက်။ ငွေနှင်းမှုန်က ကိုထွန်းခိုင်ရဲ့ ချစ်သူပေါ့။ ဒါပေမဲ့ ငွေနှင်းမှုန်က အရွယ်ရောက်လာတဲ့အချိန်မှာ သာမန်မိန်းကလေးတစ်ယောက်နဲ့ မတူဘဲ ထူးခြားလာတယ်။ ရေမရှိဘဲ မနေတတ်ဘူး။ ရေထဲ နေရတာကို ပျော်တယ်။ တစ်နေ့တော့ ငွေနှင်းမှုန်တစ်ယောက် သရဲစီးသလိုလို၊ အပမှီသလိုလို ဖြစ်ပြီး တစ်ရွာလုံး ထိတ်လန့်စရာ အဖြစ်အပျက်တွေ ဖြစ်ပွားလာတဲ့အခါ … ဦးမင်းအောင်ဆိုတဲ့ ပညာရှင်ဆရာကြီးက ဒီပြဿနာတွေကို ဘယ်လိုဘယ်နည်းနဲ့ ဖြေရှင်းမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကဲ … စာချစ်သူတို့ရေ။ ဒီဝတ္ထုက တစိမ့်စိမ့် အရသာရှိရှိ ဖတ်ရမှာ ဆိုတော့ ဇာတ်လမ်းကို ကြိုသိနေရင် အရသာပျက်မှာ စိုးလို့ ဒီလောက်ပဲ ညွှန်းလိုက်ပါတယ်။ ထူးဆန်း အံ့သြစရာတွေ ပြည့်နေတဲ့ ဂမ္ဘီရဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင်သာ ဖတ်ရှုခံစားလိုက်ပါနော်။