ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း

နန္ဒာမိုးကြယ်

700 Kyats ကျပ်
သခင်ကိုယ်တော်မှိုင်း ဆိုတဲ့ နာမည်ကို ကျွန်တော်တို့ မြန်မာလူမျိုး အားလုံး ရင်းနှီးပြီးသား ဖြစ်ပါတယ်။ ဇာတိမာန်၊ နိုင်ငံချစ်စိတ်၊ စာပေ တော်လှန်ရေး၊ လွတ်လပ်ရေးတိုက်ပွဲ၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ နိုင်ငံ တကာ လူမျိုးစုံ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပြီး ပြည်သူတွေရဲ့ဘဝ ချမ်းသာဝပြောရေးကို ရှေးရှု မျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ နယ်ချဲ့ဆန့်ကျင်ရေးသာမက၊ ဇာတိသွေး ဇာတိမာန်နဲ့အတူ နိုင်ငံချစ်စာပေကို ဦးဆောင်ထူထောင်ခဲ့တဲ့ စာပေတော်လှန်ရေးသမားကြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မျိုးချစ် ယဉ်ကျေးမှုခေါင်းဆောင်ကြီးလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီလို ပုဂ္ဂိုလ်ကျော်တစ်ယောက်ရဲ့ ဘဝအတ္ထုပ္ပတ္တိ၊ စာပေလှုပ်ရှားမှု၊ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဘဝအထွေထွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။