ကောသမ္ဗီရဲ့ မိန်းမရိုင်း

နန္ဒာမိုးကြယ်

700 Kyats ကျပ်
ဆရာနန္ဒာမိုးကြယ်ရဲ့ လက်ရာ ဗုဒ္ဒခေတ် ရသကြေးမုံ ဝတ္ထုရှည်တစ်ပုဒ်။ ဗုဒ္ဓဝင်ထဲက မာဂဏ္ဍီဆိုတဲ့ မိန်းမလှလေးရဲ့ ဘဝအဖြစ်အပျက်တွေကို စိတ်ဝင်စားစရာ ရာဇဝင်ဝတ္ထုရှည်တစ်ပုဒ် အဖြစ်၊ ဖန်တီးရေးသားထားတာမို့ ရာဇဝင်ဝတ္ထု ဖတ်ရတာကိုမှ ကြိုက်တဲ့ စာချစ်သူတွေအတွက် ကျေနပ်စရာပေါ့နော်။ မာဂဏ္ဍီဆိုတာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မစိမ်းတဲ့ နာမည်ပါပဲ။ အဖေနာမည်လည်း မာဂဏ္ဍီ၊ အမေနာမည်လည်း မာဂဏ္ဍီ၊ ဒီမိန်းမလှလေး နာမည်ကလည်း မာဂဏ္ဍီ။ ကုရုတိုင်းက နိဂုံးရွာကလေးတစ်ရွာက ထူးခြားတဲ့ မိသားစုတစ်စု။ ထူးခြားတဲ့ မိသားစုအဖြစ် နိဂုံးရွာလေးရဲ့ ဂုဏ်ဆောင်အလှနတ်မယ်လေး မာဂဏ္ဍီက ဆံပင်ရဲ့ ကောင်းခြင်း၊ အသားရဲ့ကောင်းခြင်း၊ အရေရဲ့ ကောင်းခြင်း၊ အရိုးရဲ့ကောင်းခြင်း၊ အရွယ်ရဲ့ ကောင်းခြင်း ဆိုတဲ့ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ မိန်းမလှလေးပါ။ လူဆိုတာ မိမိတတ်ကျွမ်းတဲ့ ပညာ၊ မိမိ ပိုင်ဆိုင်တဲ့ ဥစ္စာ၊ မိမိမှာရှိတဲ့ အလှတရားတွေနဲ့ ပတ်သက်ရင် မာန်မာနကိုယ်စီ ရှိတတ်ကြတယ် မဟုတ်လား။ ဒီတော့ မာဂဏ္ဍီမှာလည်း မာနရှိတာပေါ့။ အလှတရားအပေါ် မာနတရားက လွှမ်းခြုံထားတာပေါ့။ ဒီလို အလှပဂေးလေးအနား ရစ်ဝဲနေကြတဲ့ ပုရိသတွေက ရေတွက်မရနိုင်အောင် များပေမဲ့ မာဂဏ္ဍီရဲ့ နှလုံးသားတံခါးကတော့ နည်းနည်းလေးတောင် မဟခဲ့ပါဘူး။ ဒီဇမ္ဗူမှာ သူနဲ့ ထိုက်တန်သူ မရှိလို့ ထင်ထားတဲ့ မာဂဏ္ဍီ။ ကဲ … ကောသမ္ဗီက မိန်းမရိုင်းလေး မာဂဏ္ဍီရဲ့ ဇာတ်လမ်းကို ခံစားကြည့်ကြရအောင်လား။