လူတစ်လုံးသူတစ်လုံးဖြစ်ရန်နှင့် ကြီးပွားတိုးတက်စေမည့် အကြောင်းတရားများ

နန္ဒာမိုးကြယ်

700 Kyats ကျပ်
ကျနော်တို့ လူသားတွေဟာ တစ်ဦးတစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင်စွမ်းရည်တွေ၊ လုပ်နိုင်စွမ်းတွေဆိုတာ ရှိကြပါတယ်။ လူတိုင်းဟာ ဘဝမှာ အောင်မြင်တဲ့ လူတန်းစေ့ နေနိုင်တဲ့ ကြီးပွားတိုးတက်တဲ့သူတွေ ဖြစ်ချင်ကြတာပဲ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို တိတိကျကျ မသိဘဲ ရွေးချယ်မှု အမှားတွေကို ပြုလုပ်မိပြီး အခက်အခဲတွေ ပေါ်လာတတ်တယ်။ အဓိက,ကတော့ အောင်မြင်မှုဆီ သွားရာမှာ ကြိုးစားအားထုတ်မှု တစ်ခုထဲနဲ့ မဟုတ်ဘဲ ကြီးပွားတိုးတက်စေတဲ့ လျှို့ဝှက်အကြောင်းတရားတွေကို ဖော်ထုတ် သိရှိထားဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒီစာအုပ်ထဲမှာတော့ လောကကြီးက အခက်အခဲတွေပေါင်းစုံနဲ့ ဘယ်လိုပဲ စမ်းသပ်နေပါစေ လူဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို လက်တွေ့ကျကျ အသုံးတည့်တည့် အသုံးချတတ်ဖို့နဲ့ ဖော်ထုတ်ပြသလာတတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားထားပါတယ်။