မြန်မာ့ကံကြမ္မာ နှစ်တစ်ရာဟောကိန်း

နျူမာန်(MOTAA)

3000 Kyats ကျပ်
နက္ခတ္တဝေဒကို လေ့လာနေသူတိုင်းနဲ့ မြန်မာနိုင်ငံ ကံကြမ္မာကို နက္ခတ်ဗေဒင် ရှုထောင့်ကနေ သုံးသပ် တွက်ထုတ် ကောက်ချက်ချထားတဲ့ အရေးတကြီး ကိစ္စရပ်တွေကို သိချင်သူတိုင်း မဖြစ်မနေ ဖတ်ရှုထားသင့်ပါတယ်။ ဒီစာအုပ်ရဲ့ ထူးခြားချက်တွေက - ကျမ်းဆန်ဆန် စာအခန့်တွေ မသုံးထားဘူး။ ဗေဒင်ဝေါဟာရနဲ့ အကျွမ်းမဝင်သူတွေတောင် ဖတ်ကြည့်ရုံနဲ့ အလွယ်တကူ နားလည်နိုင်တယ်။ စာအုပ် ဆုံးတဲ့ အထိ ဖတ်ပြီးချိန်မှာတော့ စာဖတ်သူဟာ ဗေဒင်ပညာရဲ့ အနှစ်သာရ သဘောနဲ့ ရှေးဝေါဟာရတွေကိုပါ ဗဟုသုတအနေနဲ့ နားလည်သွားမယ်။ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်မှာ ဖြတ်ကျော်လာခဲ့ရတဲ့ သမိုင်းဝင် အခက်အခဲတွေနဲ့၊ နောက်ပိုင်း ဖြစ်လာနိုင်ချေရှိတဲ့ သမိုင်း ရှေ့ပြေး ဟောချက်တွေကို ပုဂ္ဂိုလ်စွဲ၊ ဘာစွဲညာစွဲ မပါဘဲ နက္ခတ္တဗေဒ ပညာရပ်၊ ပညာရှင် စည်းဘောင်အတွင်းကနေ တိတိကျကျ ဖော်ပြထားတဲ့ ‘မြန်မာ့ကံကြမ္မာ နှစ်တရာ’ ဆောင်းပါးကြီး ပါဝင်တယ်။ လူအများစုအတွက် နားလည်မှု ရှုပ်ထွေးတတ်တဲ့ ယုဂ်တွေကို အသေးစိတ် ရှင်းပြချက်တွေ၊ မိဘနဲ့ သားသမီး၊ ဇနီးမယား၊ သမီးသားတို့အကြား တဦးနဲ့တဦး ပတ်သက်နေကြရတဲ့ သံသရာအချစ်ကြွေး အကြောင်းတွေကို ဖတ်ရမယ်။ မြန်မာနိုင်ငံ ကံကြမ္မာကို စိတ်ဝင်စားသူတိုင်း လေ့လာသင့်တဲ့ စာအုပ်