အိုလေး

နီကိုရဲ

800 Kyats ကျပ်
ဆရာနီကိုရဲရဲ့ လက်ရာကောင်း စာအုပ်လေးတွေကို ပြန်လည်တူးဖော်တဲ့ အနေနဲ့ တင်ဆက်ခဲ့ရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ ဟာသဇာတ်မြူး အချစ်ဝတ္ထုကောင်းလေး တစ်ပုဒ်ပါ။ အိုးလေး ဝတ္ထုမှာတော့ ဆရာနီကိုရဲရဲ့ ဟန်အတိုင်း ပေါ့ပါးသွက်လက်တဲ့ အရေးအသား၊ လူငယ်ဆန်တဲ့ ခံစားမှု၊ ချစ်စရာကောင်းတဲ့ ဇာတ်အိမ်ဖွဲ့မှုတွေနဲ့အတူ ပြုံးစရာ၊ ရယ်စရာ၊ ဟာသ ဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်နဲ့ စိတ်လက်ပေါ့ပါးစွာ ဖတ်ကြရမယ့် အချစ် ဟာသ ဇာတ်မြူး လုံးချင်းဝတ္ထုလေးပါ။ ဒီဝတ္ထုက တကယ်တော့ လူနှစ်ယောက်အကြောင်းပါပဲ။ အဲဒီ လူနှစ်ယောက် အကြောင်းက ဘာမှ ထူးဆန်းတာလည်း မဟုတ်ဘူး။ ချမ်းသာကြွယ်ဝတဲ့ လူနှစ်ယောက် မဟုတ်၊ ချောမောလှပတဲ့ လူနှစ်ယောက် မဟုတ်၊ လျှို့ဝှက်နက်နဲမှုတွေ ပြည့်နေတဲ့ လူထူးဆန်း နှစ်ယောက်လည်း မဟုတ်။ ဒီလူနှစ်ယောက်ရဲ့ အဖြစ်အပျက်တွေက သာမန်မှ တကယ့်သာမန်ပါပဲ။ လူနှစ်ယောက်ရဲ့ သာမန်တွေ့ဆုံမှု၊ သာမန် ဖြစ်ပျက်မှု၊ သာမန် လူ့ဘဝထဲက ရိုးရှင်းတဲ့ အကြောင်းအရာလေးပါပဲ။ ဒါပေမဲ့ … သူတို့အကြောင်းကို ဆရာနီကိုရဲက ဖတ်လို့ သိပ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်အဖြစ် သူ့ဟန်အတိုင်း ရိုးရိုးကလေး ရေးဖွဲ့ထားပါတယ်။ တောရွာကနေ ရန်ကုန် ရောက်လာခဲ့ပြီး အိမ်တစ်အိမ်မှာ (၆) လနဲ့ (၁၈) ရက် နေထိုင်သွားခဲ့တဲ့ ဧည့်သည်လေးအကြောင်းလို့ပဲ ဆိုရလိမ့်မယ်။ ကဲ … ဖတ်ကြည့်ပါဦး စာချစ်သူတို့ရေ။