ၾကက္ဖ

နီကိုရဲ

800 Kyats ကျပ်
ရည်းစားဦး။ ဒီဝေါဟာရလေးကို ကြားလိုက်တာနဲ့ ဘယ်အရွယ်ရောက်ရောက်၊ အသက်ဘယ်လောက်ကြီးကြီး ရင်ထဲမှာ လှပ်ခနဲတော့ တဒင်္ဂလောက် ဝေဒနာလှိုင်းကလေးတွေ ဖြတ်ပြေးသွားကြမယ် ထင်ပါတယ်။ ဒါပေမဲ့ … ဆရာနီကိုရဲရဲ့ ဇာတ်ကောင် ရဲဝင်းခေါ် ကြက်ဖကတော့ ဒီလို ဟုတ်မယ်မထင်ဘူး။ ရည်းစားဦးလို့ ကြားလိုက်တာနဲ့ ပြိုင်ပွဲမှာ ပြိုင်ဖက်ကြက်ကို အရှုံးပေးခဲ့ရတဲ့ တိုက်ကြက်တစ်ကောင်လို နာနာကျင်ကျင် ခံစားမှု၊ မအီမလည် ခံစားမှုတွေနဲ့ ဖြစ်သွားရတယ်။ ဘာကြောင့် ရဲဝင်းက အဲဒီလို ခံစားရတာလဲ၊ ဘာကြောင့် ရဲဝင်းဆိုတဲ့ နာမည်ကနေ ကြက်ဖဆိုတဲ့ နာမည်ပြောင် ရသွားတာလဲ။ ဒါတွေကလည်း ရည်းစားဦး ဆိုတဲ့ ဝေါဟာရနဲ့ တိုက်ရိုက်ကြီးကို ပတ်သက်နေပါတယ်။ လွဲတတ်လွန်းတဲ့ ရဲဝင်းလေးရဲ့ အထက်တန်းကျောင်းသားဘဝ ရင်ခုန်သံတွေရယ်၊ ရယ်စရာ ဟာသဖြစ်ရပ်တွေရယ်၊ ရင်နာစရာ အမည်ပြောင် ရရှိခဲ့ပုံတွေရယ်၊ ကဲ … ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။ ဆရာနီကိုရဲ အလွမ်းပြေ၊ ရည်းစားဦး အလွမ်းပြေပေါ့နော်။