မွေးစားသမီး

နီကိုရဲ

800 Kyats ကျပ်
ကေသီတာဆိုတဲ့ မိန်းကလေးက လှသလား၊ ချောသလား၊ ဘယ်လို အနေအထားရှိသလဲလို့ မေးရင်တော့ ဖြေရခက်မှာ သေချာပါတယ်။ ကေသီတာကို ပထမဆုံးအကြိမ် မြင်ဖူးတဲ့ ဘယ်သူမဆို တအံ့တဩနဲ့ ချောတယ်လို့ ဘယ်သူကမှ ပြောကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယအကြိမ် တွေ့ရင်တော့ ကေသီတာရဲ့ လှုပ်ရှားပုံ၊ အလုပ်လုပ်ပုံ၊ နေပုံ ထိုင်ပုံတွေကို သတိထားမိပြီး ဒီမိန်းကလေးက ယဉ်သားပဲလို့ မှတ်ချက်ချမိမယ့် ပုံဟန်မျိုး။ ဒါထက်ပိုပြီး တတိယအကြိမ် ကေသီတာနဲ့ အလုပ်တစ်ခုကို အတူတူသာ လုပ်ဖြစ်ခဲ့ရင်တော့ ကေသီတာရဲ့ သွက်လက်တိကျပုံ၊ အလုပ်အပေါ် ဂရုတစိုက်ရှိပုံ၊ စည်းစနစ်ကြီးပုံတွေကို သတိမထားဘဲ မနေနိုင်အောင် ကေသီတာက အရည်အချင်း ပြည့်ဝတဲ့ မိန်းကလေးတစ်ယောက် ဆိုတာကိုတော့ လူတိုင်း လက်ခံကြရမှာပါ။ အဲဒီနေ့က ကေသီတာရဲ့ ဘဝအတွက် အရေးကြီးတဲ့ နေ့တစ်နေ့။ အရေးကြီးတဲ့ ထမင်းဝိုင်းတစ်ဝိုင်းကို ကေသီတာ ပြင်ဆင်နေခဲ့ပါတယ်။ ဘာလို့ ဒီထမင်းဝိုင်းက အရေးကြီးရသလဲ၊ ကေသီတာအတွက် ဘာကြောင့် အရေးပါပြီး ကေသီတာကိုယ်တိုင် ပြင်ဆင်နေရသလဲ၊ ဖတ်ကြည့်ပါ မိတ်ဆွေ။ ဒီဇာတ်လမ်းက ဆရာနီကိုရဲ ရေးနေကျ ဟာသဇာတ်မြူးမျိုး မဟုတ်ဘဲ ဘဝထဲက နှလုံးသားတွေအကြောင်း လှလှပပ ရက်ယှက်ပုံဖော်ထားတဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။