မုန့်လုံးရေပေါ်

နီကိုရဲ

800 Kyats ကျပ်
ဆရာနီကိုရဲရဲ့ သင်္ကြန်နောက်ခံ အချစ်ဇာတ်မြူး ဝတ္ထုရှည်လေးပါ ခင်ဗျ။ ကိုယ့်ဆရာတို့ အကြောင်းကြောင်းကြောင့် ပျင်းရိနေတာတို့၊ စိတ်ညစ်နေတာတို့၊ ဝမ်းနည်းနေတာတို့၊ အထီးကျန်နေတာတို့၊ ဒီလို ခံစားနေရရင်တော့ ဒီဝတ္ထုလေးကို ဖတ်ပြီး အပန်းဖြေကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ရယ်စရာလေးတွေ၊ ပြုံးစရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရင်ခုန်သံတွေကို သင်္ကြန်ရဲ့ အငွေ့အသက်တွေနဲ့ ခံစားကြရမှာဆိုတော့ သေချာပေါက်ကို ကိုယ့်ဆရာတို့ အပျင်းပြေ၊ စိတ်ညစ်ပြေ၊ သောကတွေ ပြေသွားစေမှာနော်။ မုန့်လုံးရေပေါ်တဲ့။ ကိုယ့်ဆရာတို့ မုန့်လုံးရေပေါ် ကြိုက်ကြတယ်မဟုတ်လားဗျ။ သင်္ကြန်မှာ မုန့်လုံးရေပေါ်က ရာသီစာလေ။ ဒီဝတ္ထုလေးကို ဖတ်ရင်း ကိုယ့်ဆရာတို့ မုန့်လုံးရေပေါ် စားချင်စိတ်တွေတောင် ဖြစ်သွားနိုင်တယ်။ ဇာတ်လမ်းလေးက တကယ့် ချစ်စရာလေးခင်ဗျ။ ပျော်စရာလည်း ကောင်းတယ်။ ဆရာနီကိုရဲက ဟာသအတွေး သိပ်ကောင်းတဲ့ စာရေးဆရာဆိုတော့ ကျွန်တော်တောင် အညွှန်းရေးဖို့ ဖတ်ရင်း ပါးစပ်မစေ့နိုင်ဘူး ဖြစ်နေတာ။ ကျော်ဇင်ဆိုတဲ့ အမေတူသား ဇွတ်တရွတ်ကောင်လေးနဲ့ မေသန့်စင် ဆိုတဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်မြူးလေးက ရင်ခုန်စရာ၊ ရယ်မောစရာ၊ ကြည်နူးစရာလေးမို့ ကိုယ့်ဆရာတို့ သဘောကျမှာ သေချာတယ်။ ဇာတ်လမ်းကိုတော့ ကြိုမပြောတော့ဘူး။ ကိုယ့်ဆရာတို့ဘာသာပဲ ရင်တခုန်ခုန်နဲ့ ဖတ်ကြည့်လိုက်ပါခင်ဗျ။