မခ်စ္ဘူး

နီကိုရဲ

800 Kyats ကျပ်
❤ ဆရာနီကိုရဲရဲ့ စာပေလက်ရာတွေကို လွမ်းတသသ ရှိနေကြတဲ့ စာချစ်သူတွေအတွက် တစ်ချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ အချစ်ဝတ္ထုရှည်ကို တင်လိုက်ပါပြီ။ အချစ်ဝတ္ထုလို့ ပြောပြီး ဝတ္ထုနာမည်ကျတော့ ‘မချစ်ဘူး’ တဲ့။ ‘ဘယ်လိုကြီးလဲ’ လို့ မေးစရာ ရှိလာနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒီဇာတ်လမ်းလေးကိုက လူတစ်ယောက်နဲ့ တစ်ယောက် ပတ်သက်ရင်းနှီးလာတဲ့အခါ တကယ်ချစ်သလား၊ မချစ်ဘူးလားဆိုတာကိုလည်း ဇာတ်ကောင်တွေက ဇာတ်လမ်းဇာတ်ကွက်နဲ့ အဖြေထုတ်ထားတာမို့ပါ။ သက်ရောက်မှုတိုင်းဟာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ စကားဟာ ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် မှန်ကန်တဲ့ ဖွင့်ဆိုချက် ဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ၊ နှလုံးသားပိုင်းဆိုင်ရာ ကိစ္စတွေမှာတော့ ထိရောက်မှန်ကန်နိုင်ပါ့မလား ဆိုတာကို ပုံဖော်ထားပါတယ်။ ဆရာနီကိုရဲရဲ့ ဟန်အတိုင်း ရယ်စရာ ပြုံးစရာလေးတွေ လှိုင်လှိုင်ပေါပေါနဲ့ လူငယ်ဆန်ဆန် ခံစားကြရမယ့် အချစ်ဝတ္ထုရှည်တစ်ပုဒ်မို့ ဆရာ့လက်ရာတွေကို လွမ်းနေသူတွေအတွက် အလွမ်းပြေစေနိုင်မယ့် ဝတ္ထုတစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။