ဘနာ

နီကိုရဲ

800 Kyats ကျပ်
ဒီတစ်ခါ ဖတ်ကြရမယ့် ဆရာနီကိုရဲရဲ့ ဝတ္ထုရှည်ကတော့ အချစ်နဲ့ ဘဝကို ရောစပ်ပေါင်းကူး ဖန်တီးထားတဲ့ လူမှုဘဝသရုပ်ဖော် အချစ်ရသ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆရာနီကိုရဲရဲ့ ဇာတ်ကောင်တွေက သူတကာ စာရေးဆရာတွေရဲ့ ဇာတ်လိုက်တွေလို လက်တွေ့ဘဝနဲ့ မနီးစပ်တဲ့ ရွှေမှုန်စား ရွှေဇွန်းကိုက်ပြီး မွေးလာသူ၊ ကားထည်လဲစီး၊ ဟိတ်ကြီးဟန်ကြီးတွေ မဟုတ်ဘူး။ အပြင်မှာ လူမမှည့်တဲ့ နာမည်ဆန်းတွေနဲ့ လူမက နတ်တမျှ ချောမောပြည့်စုံသူတွေ မဟုတ်ဘူး။ လူ့သဘာဝ၊ လူ့စရိုက်တွေကို ပီပီသသ ပုံဖော်ထားပြီး လူနေမှုစရိုက်ထဲက လူပီသတဲ့ ဇာတ်ရုပ်မျိုးတွေ။ အခြေခံ လူတန်းစားတွေရဲ့ နှလုံးသား၊ သူတို့ရဲ့ ဘဝ၊ သူတို့ရဲ့ အချစ်၊ သူတို့ရဲ့ အဖြစ်အပျက်တွေကို ရိုးရိုးလေး ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေးတွေပါ။ ဒီဇာတ်လမ်းမှာလည်း အဓိကဇာတ်ကောင်ကို ကြည့်ဦး။ ဇာတ်လိုက်နာမည်က ကိုဘ။ ကုမ္ပဏီတစ်ခုက စာရေးဝန်ထမ်းလေး။ အရပ်ပုပု၊ အသားညိုညိုနဲ့ သာမန်လူတစ်ယောက်။ ‘ကျွန်မ ရှင့်ကို မချစ်ရတဲ့ အကြောင်းရင်းကတော့ တစ်ခုပဲရှိတယ် ကိုဘ၊ အဲဒါ ရှင့်မှာ လှပသွယ်လျပြီး အမွေးနုစိမ်းကလေးတွေ ပေါက်နေတဲ့ လက်ချောင်းဖြူဖြူဖောင်းဖောင်းကလေးတွေ မရှိလို့ဘဲ’ ဆိုတဲ့ ချစ်သူမိန်းကလေးရဲ့ စကား၊ ကိုဘနှလုံးသားမှာ နင့်ခနဲ။ ဒီဇာတ်လမ်းမှာ လူရိုးလူအေးကြီး ကိုဘတစ်ယောက် ဘယ်လို နာရလေမလဲ။ ခံစားကြည့်ပါ မိတ်ဆွေ။ ဟာသရသလေး နည်းနည်းနှောပြီး ဘဝသရုပ်တွေကို ပုံဖော်ထားတဲ့ ဒီဝတ္ထုက စာချစ်သူတို့ရဲ့ နှလုံးသားကို ထိရှခံစားရစေမှာ သေချာပါတယ်။