စိတ္အိုင္ပတ္သူ

နီကိုရဲ

800 Kyats ကျပ်
ဆရာနီကိုရဲရဲ့ အောင်မြင်ခဲ့တဲ့ စာအုပ်ကောင်းတွေထဲက ‘စိတ်အိုင်ပက်သူ’ ဆိုတဲ့ စာအုပ်လေးကိုတော့ စာဖတ်သူတွေ ရင်းနှီးကြမယ် ထင်ပါတယ်။ စာအုပ်အငှားဆိုင်ခေတ်က လက်မလည်အောင် ငှားခဲ့ရတဲ့ စာအုပ်လေးပေါ့။ ဗီဒီယိုခေတ်မှာလည်း အကြိမ်ကြိမ် ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းကောင်းလေးပါ။ ဒီဘက်ခေတ်မှာတောင် စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုံရတီတို့နဲ့ ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ‘စိတ်အိုင်ပက်သူ’ ဆိုတဲ့ ခေါင်းစဉ်လေးကလည်း ထူးခြားနေတယ်လေ။ ဘယ်လို အဓိပ္ပာယ်မျိုးလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒီလို … ဒီဝတ္ထုထဲက အဓိက ဇာတ်ကောင် ဧကရဲ့ စိတ်၊ ဧကရဲ့ ထူးခြားတဲ့ အရည်အသွေးတွေက ဝတ္ထုရဲ့ အသက်ပါပဲ။ အထူးသဖြင့် ချစ်သူရည်းစားမရှိသေးတဲ့ ကောင်လေးတွေအနေနဲ့ ကောင်မလေးတွေကို လိုက်တဲ့အခါ ဧကရဲ့ နည်းလမ်းကိုတောင် နမူနာယူလို့ ရနိုင်ပါတယ်။ ဧကရဲ့ ဗီဇအကျင့်ကိုက တွက်ချက်တတ်၊ ရှေ့ကို ကြိုမြင်ကြိုတွေးတတ်၊ အကွက်ကျကျ စီမံတတ်ပြီး လိုချင်ရာတစ်ခုခုအတွက် ရိုးရိုးလေး ဖန်တီးပြီး ရအောင်ယူတတ်တဲ့ သဘာဝ ရှိတဲ့သူ။ ချိုသဲကြည်ဆိုတဲ့ တက္ကသိုလ်ကျောင်းရဲ့ အလှမလေးကို ချစ်မိတဲ့ ဧကတစ်ယောက်၊ ချိုသဲကြည်ရဲ့ အာရုံစိုက်မှုရဖို့အတွက် ဘယ်လို အကွက်ကျကျ စီမံမလဲ၊ မျက်လှည့်ပြပွဲတစ်ပွဲလို ပညာသားပါပါ ချဉ်းကပ်ပြီး ချစ်သူရဲ့အချစ်ကို လှည့်စားရယူဖို့ ကြိုးစားမလဲ ဆိုတာ ရင်ခုန်စရာ ခံစားမှုတွေနဲ့ ဖတ်ကြရမှာပါ။ အထူးသဖြင့် ဧကရဲ့ နည်းလမ်းတွေကို FA ဖြစ်နေဆဲ ညီအစ်ကိုတို့ အတုယူပြီး အထီးကျန်ဘဝက လွတ်အောင် ဒီစာအုပ်လေးကို ဖတ်ပြီး နမူနာ ယူကြစေချင်ပါတယ်နော်။