ငတုံး

နီကိုရဲ

800 Kyats ကျပ်
မောင်နဲ့ လင်းတို့က သူငယ်ချင်းတစ်စုကြားမှာ ချစ်သူရယ်လို့လည်း မဟုတ်၊ သူငယ်ချင်းရယ်လို့လည်း ပြောရခက်တဲ့ အမျိုးအစား။ လင်းက သူငယ်ချင်းတွေ အားလုံးထဲမှာ မောင့်ကို ပိုပြီး ခင်တွယ်တယ်။ လင်းကို သူ့အမေ ဆူလိုက်တဲ့အခါ မောင့်ပခုံးစွန်းမှာ ခေါင်းကလေးမှီပြီး ငိုချင်ငိုတတ်တယ်။ ပျော်စရာတွေ ကြုံတဲ့အခါ လင်းက မောင့်လက်မောင်းကိုတွဲပြီး မြူးမြူးတူးတူး လမ်းလျှောက်ချင်လျှောက်တတ်တယ်။ ခပ်ဟော့ဟော့ ကောင်မလေးတွေနဲ့ မောင် စကားပြောတဲ့အခါ၊ အတူသွားမိတဲ့အခါ မောင့်ကို အော်ကြီးဟစ်ကျယ် ရန်တွေ့ချင်တွေ့တတ်တယ်။ ခက်တာက မောင်နဲ့ လင်းကို ချစ်သူတွေပါလို့ ဘယ်သူမှ မသတ်မှတ်တာပဲ။ ဘယ်သူမှ မသတ်မှတ်တာ ထားဦး။ မောင်ကိုယ်တိုင်ရော၊ လင်းကိုယ်တိုင်ကပါ သူတို့နှစ်ဦးဟာ ချစ်သူတွေလို့ကို မခံစားထားကြတာ။ တစ်ရက်မှာတော့ မောင်ဟာ သူ့ကိုယ်သူ သိသွားတယ်။ သူ့ရင်ထဲကို သူ မြင်သွားတယ်။ သူ့နှလုံးသားကို သူ နားလည်သွားတယ်။ သူ လင်းကို ချစ်တယ်။ ဒါနဲ့ပဲ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး လင်းကို ချစ်တယ်လို့ ဖွင့်ပြောလိုက်တယ်။ ဒီအခါမှာ မောင် မျှော်လင့်ထားသလို မဟုတ်ဘဲ လင်းက အော်ကြီးဟစ်ကျယ် ရယ်မောရင်း ‘မောင်၊ နင်က ငါ့ကို ချစ်တယ်၊ ဟုတ်လား၊ ဘယ်လို ချစ်သွားတာလဲ၊ နင်နဲ့ငါ သူငယ်ချင်းဖြစ်တာ (၇) နှစ် ရှိပြီ။ ဘယ်တုန်းက ဘယ်လိုလုပ် ငါ့ကို ချစ်သွားတာလဲ’ ဆိုပြီး မေးတော့တာပေါ့။ ပြီးတော့ မောင့်အချစ်ကို သက်သေအခိုင်အလုံနဲ့ လက်ခံနိုင်ဖို့ လိုတယ်ဆိုပြီး မေးတဲ့အခါ မောင်ဟာ လင်းနဲ့ စတွေ့ချိန်၊ စခင်မင်ချိန်က စလို့၊ သက္ကရာဇ်အဟောင်းတွေကို တစ်လွှာချင်းစီ ဖြန့်ခင်းလိုက်ပါတော့တယ်။ အဲဒါကပဲ ‘ငတုံး’ ဆိုတဲ့ ဒီအချစ်ဇာတ်လမ်း လှလှလေးတစ်ပုဒ် စတင်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်ခင်ဗျ။