ကျွန်တော်နှင့် လက်တွဲဖော်

နီကိုရဲ

800 Kyats ကျပ်
ဒီစာအုပ်ထုတ်ရတဲ့ ရည်ရွယ်ချက်က "ဟိုဟိုဒီဒီ ပြန့်ကျဲနေသော ကျွန်တော့်၏ မဂ္ဂဇင်းပါ ဝတ္ထုတိုကလေးများကို စုစည်းထုတ်ဝေခြင်းသာဖြစ်တယ်" လို့ ဆရာနီကိုရဲက ဆိုထားပါတယ်။ တကယ်တမ်းက စာအုပ်ထဲမှာ အဲဒီလိုဝတ္ထုတွေကြီးပဲ မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင် မဂ္ဂဇင်းတိုက်တွေကို သွားပေးခဲ့ပေမယ့်လည်း အပယ်ခံရဖူးတဲ့ ဝတ္ထုတိုလေးတွေလည်းပါတယ်။ မဂ္ဂဇင်းမှာပါဖို့ အချိန် ရှစ်လ၊ ကိုးလလောက် စောင့်ခဲ့ရတဲ့ ဝတ္ထုတိုတွေလည်းပါပါတယ်။ ဒါကြောင့်လည်း စာအုပ်ထဲမှာ ငြိုးရိပ်သင့်ရနံ့တွေ ခံစားရတယ်လို့ဆိုတာကိုး။ စာအုပ်ထဲမှာပါတဲ့ ဆရာနီကိုရဲရဲ့ ဘဝလက်တွဲဖော်ဖြစ်တဲ့ ဝတ္ထုတိုလေးတွေကိုဖတ်ရှုခံစားကြပါဦး။