တိမ်မြင့်ယံ ပျံလေသော ငှက်များ

နိုင်သောင်းထွဋ်

600 Kyats ကျပ်
...သင့်ကို သူများက ဆက်ဆံစေချင်သည့် ပုံစံအတိုင်း သူများကို သင်ဆက်ဆံပါ ဟူသည်ကား မိမိကို စတင် ရောင်းလိုက်ခြင်း ဖြစ်သည်ဟုဆိုပါလျှင် လူတိုင်းသည် ရောင်းကုန်ပင် ဖြစ်ပါလိမ့်မည်။ ရောင်းခြင်းသည် ဖလှယ်ခြင်း ဖြစ်သည်ဟု ဆိုပါလျှင် ရောင်းသူက မည်သည့်အရာကို ရောင်း၍ ဝယ်သူက မည်သည့်အရာကို ဝယ်ချင်ပါသနည်း။ မည်သည့်အရာကို မည်သည့်အရာဖြင့် ဖလှယ်ကြပါသနည်း။ ဘာကိုဘာနှင့် ဖလှယ်ကြပါသနည်း။ ရှိသည်ကို မရှိသည်နှင့် ဖလှယ်ကြပါသလား။ မရှိသည်ကို ရှိသည်နှင့် ဖလှယ်ကြပါသလား။ မရှိသည်ကို မရှိသည်နှင့် ဖလှယ်ကြပါသလား။ တစ်စက်ကယ်မျှ ဝယ်လက် မရှိသော ပစ္စည်းကို အစက်ပေါင်းများစွာ များစွာ များစွာ ထုတ်လုပ် ဖြန့်ဖြူးနေနိုင်သော ရောင်းမစွံ ပစ္စည်းမျိုး ဆိုင်များတွင် တင်ထားတတ်ကြသည်မှာ ရှိနေနိုင်ပါသလား။