ခွေးသရဲနှင့် နပန်းလုံးသောည

နယ်နမိတ်(ငမိုးရိပ်)

200 Kyats ကျပ်
ပရလောက ဇာတ်လမ်းတွေထဲမှာမှ ဉာဏ်ကွန့်မြူးပြီးရေးထားတဲ့ ဇာတ်လမ်းတွေထက် ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို လူပိုပြီးစိတ်ဝင်စားလေ့ ရှိကြတယ်။ တကယ်လည်း ကိုယ်တွေ့ဖြစ်ရပ်မှန်တွေကို စာဖတ်ပရိသတ် ပိုအားပေးတာ တွေ့ရတယ်။ ဒီဇာတ်လမ်းကလည်း တကယ်ကို ခွေးသရဲနဲ့ တွေ့ပြီး နပန်းလုံးခဲ့ကြရတဲ့ အကြောင်းကို နယ်နမိတ်(ငမိုးရိပ်)က စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားပုံဖော်ထားတာ။ ခွေးသရဲနဲ့ နပန်းလုံးခဲ့ရတာက စာရေးသူတို့ တူအရီးနှစ်ယောက်။ ရွာပြင်သင်္ချိုင်းနားမှာ မထင်မှတ်ပဲ ခွေးသရဲနဲ့ တွေ့ပြီး သူသေ၊ ကိုယ်သေ တစ်ပွဲတစ်လမ်း အကဲစမ်းခဲ့တဲ့ အကြောင်းမို့လို့ စိတ်ဝင်စားဖို့လည်းကောင်း၊ ဖတ်လို့လည်း အတော်ကိုကောင်းပါတယ်။ စာဖတ်ပရိသတ်ကြီးတို့လည်း ဖတ်ကြည့်ကြဦးနော်။