ငတ်ကြီးကျသူများ

နတ်ရွာမိုး

800 Kyats ကျပ်
❤ ငယ်ငယ်လေးကတည်းက ဘဝကိုအတူရုန်းကန်လာပြီး အေးအတူပူအမျှ နေထိုင်လာတဲ့သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင်တောင် ဖွင့်ပြောဖို့ခက်ခဲကြတယ်။ သူငယ်ချင်း သံယောဇဉ်ပျက်စီးသွားမှာ ကြောက်ကြတာလည်းရှိသလို၊ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြမှန်း မသိကြတာလည်း ရှိတာပေါ့လေ။ ❤ ရှဲလီနဲ့ ဇင်မတို့နှစ်ယောက်လည်း အဲဒီလိုပဲ ကားဂိတ်လေးမှာ ဖရဲသီးရောင်း၊ ဆေးလိပ်ရောင်းဘဝနဲ့ ငယ်ငယ်လေးကတည်းက အတူရုန်းကန်လာခဲ့ကြတာ။ သူတို့ကတော့ ငါတို့ကသူငယ်ချင်းလို့ပြောနေပေမယ့် ဘေးလူတွေအမြင်မှာတော့ သူငယ်ချင်းထက်ပိုတယ် ထင်ကြတာပေါ့။ ဒီဝတ္ထုထဲမှာ သူတို့နှစ်ယောက် ဘဝကိုကြိုးစားရုန်းကန်ကြတာတွေ၊ သူငယ်ချင်းတွေကြားဖြစ်တတ်တဲ့ ရယ်စရာလေးတွေ၊ ရင်ထဲမှာကိန်းအောင်းနေတဲ့ အချစ်တွေကို မဖော်ပြရဲ မဖွင့်ချရဲ ဖြစ်နေကြတာတွေကို အသည်းတယားယားနဲ့ ရင်ခုန်ဖို့ကောင်းအောင် ဖတ်ရမှာပါ။ ဖတ်ချင်လို့ စာအုပ်ကို ရှာနေစရာ မလိုတော့ဘူးနော်! ဝန်ဇင်းကနေ ခုပဲတင်ဆက်ပေးလိုက်ပါပြီ။