မြန်မာပြည်မြောက်ပိုင်း

နတ်နွယ်

900 Kyats ကျပ်
ဒီစာအုပ်ဟာ ဆရာနတ်နွယ်ရဲ့ နာမည်ကြီး ဂန္ထဝင်လက်ရာ၊ မြန်မာစာပေရဲ့ Classic စာရင်းဝင် ဝတ္ထုကြီးပဲ ဖြစ်ပါတယ် ခင်ဗျ။ ဖတ်နေရင်းနဲ့ ဒီစာအုပ်ကို သမိုင်းအတ္ထုပ္ပတ္တိ မှတ်တမ်းကြီးလို့ ထင်သွားတတ်တယ်။ တကယ်တော့ ဒီစာအုပ်ဟာ သမိုင်း မဟုတ်ဘူး။ အတ္ထုပ္ပတ္တိ မဟုတ်ဘူး။ ဝတ္ထုပဲ ဖြစ်ပါတယ်လို့ စာရေးသူကလည်း ဆိုထားပါတယ်။ ဒီဝတ္ထုကြီးထဲမှာ မြန်မာပြည် အထက်ပိုင်းမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးတို့ရဲ့ လူမှုအဆောက်အအုံကြီး တခုလုံး ဖြစ်ပေါ် ပြောင်းလဲမှုကို ပီပီပြင်ပြင် ဖော်ထုတ်ထားတယ်။ အထက်ပိုင်းမှာ ဖြစ်ပျက်ခဲ့သမျှ ပဒေသရာဇ် ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွေနဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တွေကိုလည်း ဒီဝတ္ထုကြီးထဲမှာ မြင်တွေ့ရဦးမယ်။ *မြန်မာပြည်မြောက်ပိုင်း* မှာ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ဆရာနတ်နွယ် ဖန်တီးထားတဲ့ ဝတ္ထုဇာတ်ဆောင်တွေနဲ့ အတူ မြင်တွေ့ ခံစားခွင့် ရမှာပါ။ လက်ကမချချင်အောင် ဖတ်လို့ ကောင်းလွန်းလို့ ကိုယ့်ရဲ့ အကြိုက်ဆုံးစာအုပ် စာရင်းထဲတောင် ဝင်သွားနိုင်ပါတယ်။ ဝန်ဇင်းပရိသတ်ကြီးကိုလည်း ဖတ်ကြည့်စေချင်ပါတယ်ဗျာ။