ရောမက မိန်းမပျက်

နတ်နွယ်

900 Kyats ကျပ်
ရောမမြို့က အပ်ချုပ်သမ ဆင်းရဲသား မုဆိုးမတစ်ယောက်ရဲ့ သမီးအဖြစ် ကြီးပြင်းလာခဲ့ရတဲ့ အက်ဒရီယာနာဟာ အင်မတန်ကို ချောမာလှပတဲ့ ရုပ်ရှည်နဲ့ သွင်ပြင်ကို ပိုင်ဆိုင်ထားတယ်။ အထူးခြားဆုံးကတော့ သူ့ရဲ့ ဖွံ့ထွားနုညက်လှတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှပဲ။ အက်ဒရီယာနာဟာ သူ့မိခင်ရဲ့ အလိုအတိုင်း ပန်းချီ ကိုယ်ဟန်ပြမယ်လေးပေါ့။ ဆင်းရဲတဲ့ ဘဝကနေ သမီးဖြစ်သူကို ရုန်းထွက်စေချင်တဲ့ စေတနာကြောင့် အက်ဒရီယာနာရဲ့ အမေဟာ သမီးအတွက် ချမ်းသာတဲ့ အိမ်ထောင်ဘက်ကို မျှော်လင့်ထားတယ်။ အက်ဒရီယာနာ အတွက်တော့ သူ့ရဲ့ စိတ်ကူးယဉ်အိမ်မက်က အေးချမ်းရိုးစင်းတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်တဲ့ အိမ်ထောင်ရှင်မတစ်ဦး အဖြစ်ပဲ။ မိခင်ရဲ့ ဆန္ဒအတိုင်း ငယ်ငယ်ကတည်းက နေခဲ့ရတာကြောင့် ကိုယ့်ဆန္ဒနဲ့ မိခင်ရဲ့တွန်းအားကြားမှာ လွန်ဆွဲနေရတဲ့ ဘဝ။ ဒီလိုနဲ့ အက်ဒရီယာနာတစ်ယောက် ငယ်ရွယ် နုပျိုမှုတွေကြားမှာပဲ မိခင်ရဲ့လောဘ … အချစ်ကို ပုံမိတဲ့ ယောက်ျားတစ်ယောက်ရဲ့ လှည့်ဖြားမှု ... ကိုယ့်ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေဟာ လောကဓံရဲ့ ဒဏ်ချက်တွေဖြစ်လာပြီး နောက်ဆုံးမှာ ကိုယ်နဲ့ရင်းပြီး ဘဝအခက်အခဲကို ဖြေရှင်းရတဲ့ ပြည့်တန်ဆာမတစ်ယောက် ဖြစ်သွားရပါတယ်။ ဒီ့နောက်မှာတော့ ပြည့်တန်ဆာမလေး အက်ဒရီယာနာရဲ့ ဘဝထဲမှာ ဘယ်လို အပြောင်းအလဲတွေ ဆက်ဖြစ်လာမလဲ ? ဆရာနတ်နွယ်ရဲ့ ဘာသာပြန်အရေးအသားနဲ့ အက်ဒရီယာနာဟာ စာဖတ်သူရဲ့ စိတ်နဲ့နှလုံးသားကို စိုးမိုးထားပါလိမ့်မယ်။