ပတ္တမြားခေါ်သံ

နတ်နွယ်

900 Kyats ကျပ်
Duncan Kyle ရဲ့ သတ္တမမြောက် စာအုပ်ဖြစ်တဲ့ Green River High ဝတ္ထုရှည်ကို ဆရာနတ်နွယ်က ‘ပတ္တမြားခေါ်သံ’ ဆိုတဲ့အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုထားတဲ့ လက်ရာကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှု အတော်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းက မြန်မာနိုင်ငံရဲ့ သယံဇာတ၊ မြန်မာ့ရတနာတွေနဲ့ သက်ဆိုင်နေတာကြောင့်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း ကာလကို အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာတော့ စစ်အတွင်းမှာ မြန်မာနိုင်ငံပိုင် ပတ္တမြားတွေကို ခိုးထုတ်သွားတဲ့ လေယာဉ်တစ်စီးဟာ ဘော်နီယိုကျွန်းပေါ် တောနက်ကြီးထဲ မတော်တဆ စက်ချို့ယွင်း ပျက်ကျသွားခဲ့ပါတယ်။ ဒီပတ္တမြားတွေက အဖိုးအနဂ္ဃ ထိုက်တန်တာမို့ ဒီပတ္တမြားတွေနောက်ကို လိုက်နေကြတဲ့သူတွေ၊ အဖွဲ့တွေ အများကြီး ရှိပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ တန်နီကလစ်၊ စီဖလန်ကလင်နဲ့ လုဒလန်တို့ဟာ ပတ္တမြားကြီးတွေနောက်ကို ခြေရာခံလိုက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စွန့်စားခန်းတွေ၊ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေကို ရင်တမမ အသည်းတအေးအေး ဖတ်ရှုကြရမှာပါ။