တံခွန်တိုင်မောင်နှမများ

နတ်နွယ်

900 Kyats ကျပ်
လောကပတ်ဝန်းကျင်မှာ ညီရင်းအကိုမောင်နှမတွေ များပြားစွာ ရှိကြပါတယ်။ ဒါပေမယ့် တစ်အူတုံဆင်း မောင်နှမ အရင်းတွေ ဖြစ်သော်လည်း ထိုညီအကိုမောင်နှမတွေဟာ ဗီဇမတူ၊ စရိုက်မတူ၊ ပုံစံမတူကြပါဘူး။ ဒီလို ဗီဇ၊ စရိုက်၊ ပုံစံ မတူ ညီပေါ်မူတည်ပြီး ညီအကိုမောင်နှမအသီးသီးရဲ့ ဘဝအခြေအနေ ဖြစ်ပေါ်လာမူတွေကလည်း မတူကွဲပြားဖြစ်ကြရပါတယ်။ ဆရာနတ်နွယ်က အဲဒီလို မတူကွဲပြားကြတဲ့ လောကပတ်ဝန်းကျင်ထဲက ဖြစ်လေ့ ဖြစ်မြဲ ဖြစ်တတ်တဲ့ သဘောသဘာ ဝတွေကို သရုပ်ဖော် လှစ်ဟပြထားတာပါ။ “တံခွန်တိုင် မောင်နှမများ” ဟာ ကုန်းဘောင်သီပေါခေတ်ကို အခြေခံပြီးရေးဖွဲ့ ထားတာဖြစ်ပေမယ့် ဆရာနတ်နွယ်က ရာဇဝင် စွန့်စားခန်းဝတ္ထုဟုလည်းကောင်း၊ သမိုင်းနောက်ခံဝတ္ထုဟုလည်းကောင်း ဖွင့်ဆိုခြင်းမပြုပါဘူး။ ဆရာနတ်နွယ် ရည်ညွှန်းတာကတော့ မြင်တွေ့ကြားသိခဲ့ရသည်များကို ရေးသားထားသည့် ဝတ္ထုသည် ဝတ္ထုသာ ဖြစ်သည်ဆိုတာပါပဲ။ ဒါကိုကပဲ ဒီဝတ္ထုရဲ့ ထူးခြားမှုကို ဖော်ပြနေတယ်လို့ ယုံကြည်မိပါတယ်။ ပင်ကိုရေး ဝတ္ထုရှည်ကောင်းကောင်းကိုမှ ဖတ်ချင်တယ်ဆိုရင်တော့ ဆရာနတ်နွယ်ရဲ့ ဒီစာအုပ်ကို ဖတ်ကိုဖတ်သင့်ပါတယ်။