တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ

နတ်နွယ်

900 Kyats ကျပ်
တက္ကသိုလ်ခန်းဆောင်ထဲက အဘိဓမ္မာစာအုပ်ကြီးတွေကို လေ့လာဆည်းပူးရင်း သဘောတရားရေး အစာမကြေဖြစ်ရ တဲ့ လူငယ်တစ်ဦးရဲ့ လောကကြီးထဲက အဆင်မပြေခါးသီးမှုတွေအပေါ် မုန်းတီးနာကြည်း ဂယောင်ခြောက်ခြားဖြစ်ရခြင်းကို အခြေခံထားတဲ့ ဒီဝတ္ထုဟာ စိတ္တဗေဒဆန်လှတယ်လို့ ပြောပါရစေ။ ဒါပေမယ့် ဒီလိုအဖြစ်အပျက်တွေဟာ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ တွေ့ရှိရတတ်တဲ့ အစစ်အမှန်ပြင်ပလောကနဲ့ ကမ္ဘာခြားနေတတ်သူတွေကို ကရုဏာသက်မိစေပါတယ်။ ဟုတ်ပါတယ်။ ပညာခန်းမဆောင်တွေထဲက ထွက်ပေါ်လာတဲ့ အဘိဓမ္မာများဟာ ပြင်ပကမ္ဘာနဲ့ လွတ်ကင်းနေတဲ့အခါမျိုးတွေမှာ ခေတ်ကိုလည်း အစာမကြေ၊ ဘဝကိုလည်း အစာမကြေ၊ လူမှုပတ်ဝန်းကျင်အပေါ်လည်း အစာမကြေ၊ နောက်ဆုံး ကိုယ့်ဘဝကိုယ် အစာမကြေဖြစ်ပြီး အများအမြင်မှာ သနားကရုဏာ သက်စရာဖြစ်ရခြင်းက ဒီဝတ္ထုမှာ ရသအပြင် ဘဝသင်ခန်းစာကောင်းကောင်းလည်း ရရှိစေမှာပါ။ ဝတ္ထုဖတ်ပြီး အတွေးတွေ ကျန်ခဲ့စေတဲ့ စာအုပ်တစ်အုပ်ဖြစ်လို့ စာဖတ်သူများအတွက် ညွှန်းဆိုလိုက်ပါတယ်။