ကမ္ဘာ့စာပေ တစေ့တစောင်းနှင့် ကမ္ဘာ့ဝတ္ထုအညွှန်း

နတ်နွယ်

900 Kyats ကျပ်
စာပေနဲ့ ပတ်သက်တဲ့ စကားဝိုင်းထဲမှာ ကိုယ့်ရဲ့ အမြင်ကျယ်ပုံနဲ့ လေ့လာမှု နှံ့နှံ့စပ်စပ် ရှိပုံတွေကို ပြသချင်သူတိုင်း အတွက် အခြေခံအားဖြင့် မဖတ်မဖြစ် ဖတ်ထားသင့်တဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲမှာ ကမ္ဘာ့စာပေနဲ့ ပတ်သက်ပြီး ဆရာနတ်နွယ် ရေးခဲ့သမျှ ဆောင်းပါးတွေကို ရွေးချယ် စုစည်းထားပါတယ်။ စာပေ အကြောင်းအရာတစ်ခု ဒါမှမဟုတ် စာရေးဆရာတစ်ယောက် အကြောင်း ဦးတည်ပြီး ဆောင်းပါး ဖွဲ့ထားတာ ဆိုတော့၊ ဆောင်းပါး တစ်ပုဒ်ချင်းစီတိုင်းက သင့်အတွက် စာပေအကြောင်း ပြောရာမှာ အကောင်းဆုံး ထုတ်သုံးဖို့ ဗဟုသုတလက်နက်တွေပါပဲ။ တစ်နေ့ကို ဆောင်းပါးတစ်ပုဒ်နှုန်း ဖတ်သွားမယ် ဆိုရင် တစ်လလောက် ကြာတဲ့အခါ ကမ္ဘာ့စာပေ၊ ကမ္ဘာ့ဝတ္ထုတွေနဲ့ ပတ်သက်ပြီး သင်ဟာ တော်တော်လေးကို သိတာပဲလို့ ပြောရမယ့် စာသမားတစ်ယောက် ဖြစ်နေပါလိမ့်မယ်။