ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်

နတ်နွယ်

600 Kyats ကျပ်
ကမ္ဘာကို ရက်ရှစ်ဆယ်ထဲနဲ့ ပတ်လို့ရသလား ? ဒီမေးခွန်းဟာ ခုချိန်မှာတော့ ဘာမှ မဟုတ်ပေမဲ့ ၁၈၇၀ ပြည့်နှစ်ကာလတွေကို ပြန်သွားပြီး အဲ့မေးခွန်းထုတ်ရင်တော့ ခင်ဗျားဟာ အရူးလို့ အပြောခံရမှာ သေချာပေါက်ပဲ။ ဘာပဲဖြစ်ဖြစ် ‘ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်’ ကို စာဖတ်သူအားလုံးနီးပါး သိကြပါတယ်။ ကျနော်တို့ အချစ်ဆုံးမင်းသားကြီး ဂျက်ကီချန်းက ရုပ်ရှင်ရိုက်ဖူးတယ်လေဗျာ။ ‘Around The World in 80 Days’ ဆိုတဲ့ ရုပ်ရှင်ပါ။ အားလုံးနီးပါး ကြည့်ဖူးကြပါလိမ့်မယ်။ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ရုပ်ရှင်! ခုတော့ ဒီရုပ်ရှင်ကြီးရဲ့ မူရင်းဝတ္ထု ၊ စွန့်စားခန်းဝတ္ထုရေးရာမှာ ဆရာတစ်ဆူ သမ္ဘာကြီးတစ်ဦးဖြစ်တဲ့ ဂျူးလ်စ်ဗန်းရဲ့ ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်ကို စာရေးဆရာကြီး နတ်နွယ်က မြန်မာပြန်ဆိုထားတယ်။ ၁၈၇၄ ခုနှစ်မှာ ရေးသားခဲ့တဲ့ ဒီဝတ္ထုကို မြန်မာပြန်အဖြစ် ဖတ်လိုက်ရတဲ့အခါမှာ ရုပ်ရှင်နဲ့မတူတဲ့ အရသာတစ်မျိုးကို ခံစားရတယ်။ ဘယ်လိုပြောရမလဲ Oishi ပေါ့လေ ! ဆရာနတ်နွယ်ကတော့ ‘သူ့ဝတ္ထုများကို ဖတ်ရှုလျှင် စာဖတ်သူများကိုယ်တိုင် ခရီးသွားနေရသည့်အလား၊ စွန့်စားနေရသည့်အလား’ လို့ ဆိုပါတယ်။ ဒီတော့ဗျာ … တစ်နိုင်ငံလုံး ခရီးထွက်နေချိန်မှာ ကျနော်တို့ စာဖတ်သူတွေ အိမ်မှာနေရင်း ကမ္ဘာပတ်လိုက်ရအောင်နော့၊ အဟဲ … ။