တိတ္တခိုး

နတ်သမီး

700 Kyats ကျပ်
...ဒီဇာတ်လမ်းကတော့ စာဖတ်သူတို့ ဖတ်နေကြမဟုတ်တဲ့ အကြောင်းအရာပုံစံသစ်တစ်ခုကို နတ်သမီးက ကြိုးစား ရေးဖွဲ့ပေးထားတာမို့ ရသခံစားမှုကို ကြိုက်နှစ်သက်ကြသူတွေ လက်မလွတ်တမ်း ဖတ်ရှုစေချင်ကြောင်း ပြောပါ့ရစေ။ ကိုယ့် ပတ်ဝန်းကျင် မြင်တွေ့နေကျဖြစ်ပေမယ့် ဂရုမပြုမိတဲ့ မိန်းမဆန်သူ ယောက်ျားတစ်ယောက် ရင်ထဲက ချစ်ခြင်းတရားရဲ့ ခံစားမှုကို ပိုင်ပိုင်နိုင်နိုင် သရုပ်ပေါ်အောင် ရေးဖွဲ့ထားတာက နှစ်ခြိုက်စရာဖြစ်ပါတယ်။ ယောက်ျားတစ်ယောက် ခန္ဓာကိုယ်နဲ့ မိန်းမတစ်ယောက်လို ဖြစ်နေတဲ့ ဒီလိုလူတစ်ယောက်မှာလည်း ချစ်ခြင်းတရားဆိုတာ ဝေခွဲမရတဲ့ စိတ်ခံစားမှုနဲ့ တိုးတိတ်ရင်ခုန် ဖြစ်ပေါ်တတ်တယ်ဆိုတာ စာဖတ်သူတို့ နင့်နင့်နဲနဲ ခံစားနားလည်သွားစေမယ့် ဇာတ်လမ်ကောင်းတစ်ပုဒ်ပါ။