ညနှင်းစက်

နတ်သမီး

600 Kyats ကျပ်
ညနှင်းစက်ဆိုတာ Kiss Lady စင်တင်တေးဂီတရဲ့ အလှနတ်သမီး။ ဂီတနတ်မိမယ်။ အမြဲတမ်း သရဖူဆောင်းပြီး နိဂုံးချုပ်တတ်တဲ့ မာယာမလေး။ ပုရိသတွေရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းက ညနှင်းစက်ရဲ့ အလှကောက်ကြောင်းတွေဆီမှာ။ တကယ်တော့ ညနှင်းစက်က ဆောင်းညအခါမှာ ကောင်းကင်က တစိမ့်စိမ့်ကျဆင်းနေတတ်တဲ့ နှင်းစက်ကလေးတစ်စက်ပါပဲ။ အခြေအနေအရ အရက်ခိုးအရက်ငွေ့တွေ ပျံ့လွင့်နေတဲ့ စတိတ်စင်ပေါ်မှာ မျက်လုံးများစွာရဲ့ အာသီသတွေကို ရင်ဆိုင်ဖြေဖျော်နေရတဲ့ အဆိုတော်မလေးပေမဲ့ ညနှင်းစက်ဟာ မိန်းမပျက်တစ်ယောက်တော့ မဟုတ်ဘူး။ ဝေဒနာခံစားနေရတဲ့ မိခင်ကြီးရဲ့ ဆေးဖိုးဝါးခနဲ့ မိသားစု စားဝတ်နေရေးအတွက် မလုပ်ချင်ဘဲ လုပ်နေရတဲ့ အလုပ်။ ဒီအလုပ်မှာ ညနှင်းစက် မပျော်ဘူး။ မူးယစ်ရီဝေနေကြတဲ့ ယောက်ျားတွေရဲ့ ရမ္မက်နှောင်ကြိုးတွေကို အချည်နှောင်မခံဘဲ ရှောင်တိမ်းနေခဲ့ပေမဲ့ ကြာတော့လည်း အရာရာကို စိတ်ကုန်လာမိတဲ့အထိပါပဲ။ တစ်ညမှာတော့ ... ဇေယျမြတ်မိုဆိုတဲ့ အထက်တန်းလွှာက လူကုံထံအမျိုးသားတစ်ယောက်နဲ့ ညနှင်းစက် ရင်းနှီးဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ... ဒီလိုနဲ့ပေါ့လေ။