ညာတာပါတေး

အကြည်တော်

1000 Kyats ကျပ်
>> ဆရာအကြည်တော်စာအုပ်လို့ပြောလိုက်တာနဲ့ ပြုံးပြီးသားပဲမှတ်လား။ စိတ်ချပါ။ ဒီစာအုပ်ကလည်း ဖတ်ရင်းဖတ်ရင်း၊ ပြုံးလိုက်ရယ်လိုက် ဖြစ်နေမယ့် စာအုပ်။ ဇာတ်လိုက်ကျော်နှစ်ယောက်ကတော့ နာမည်ကြီး ကားပွဲစား ဝကြီးနဲ့ သူခိုးကျော်ကို။ သူတို့နှစ်ယောက် သမီးယောက်ဖပေါ့။ ဒါပေမယ့် ကျော်ကိုကြောင့် ဝကြီးပါထောင်ကျသွားလေရဲ့။ ထောင်ကပြန်ထွက်လာတော့ သူတို့နှစ်ယောက်အိမ်ပြန်ကြတယ်။ >> ကံကဆိုးချင်တော့ နေစရာအိမ်ရော၊ သူတို့နှစ်ယောက်ရဲ့ ချစ်လှစွာသော မဟေသီ နှစ်ယောက်ပါမတွေ့တော့ နှစ်ကောင်လုံးဘုံပျောက်ပြီပေါ့။ သူခိုးကျော်ကိုကတော့ ထောင်ကထွက်လာပြီးကတည်းက သူခိုးအလုပ်မလုပ်စားတော့ဘူးလို့ ကြုံးဝါးထားတာ။ ဒီတော့သူတို့နှစ်ယောက် ဘာဆက်လုပ်စားကြလဲဆိုတော့ လူတွေကို ညာတာပါတေးနဲ့ လိမ်စားတော့တာပါပဲ။ ဘာတွေဘယ်လောက်အထိ ရယ်ရမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်!