ဇာဟိရ်

ဒီနိုဗို

600 Kyats ကျပ်
“သင်တို့တွင် တစ်စုံတစ်ယောက် သောသူ၌ သိုးတစ်ရာရှိ၍ သိုးတစ်ကောင်ပျောက်လျှင် ကိုးဆယ့်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မချင်း သွား၍ ရှာမည် မဟုတ်လား”(ရှင်လုကာ ၁၅:၄) ။ ဒီလို နိဒါန်းချီထားတဲ့ ဘရာဇီး စာရေးဆရာ Paulo Coelho ရဲ့ The Zahir …။ ဘာသာစကား (၄၄) မျိုးနဲ့ ဘာသာပြန်ဆိုပြီး ကမ္ဘာ့စာဖတ်ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ဝတ္ထုကောင်းတစ်ပုဒ်။ ဆရာဒီနိုဗိုရဲ့ ဘာသာပြန်လက်ရာနဲ့ ဖတ်ရှုနိုင်ပါပြီ။ ဇာဟိရ် ဆိုတာ … အာရဗီဘာသာစကားအရ သိသာခြင်း၊ ထူးခြားပေါ်လွင်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ပါ။ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တဲ့ ဇနီးဖြစ်သူ အက်စတာကို ရှာပုံတော် ခရီးဖွင့်ခဲ့တဲ့ စာရေးဆရာတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဆုံးရှုံးနစ်နာခြင်းတွေကြားက ဉာဏ်အလင်းရှာပုံတော် ခရီးရှည်အကြောင်း ဖွင့်ဆိုထားတဲ့ ဇာဟိရ်။ စာရေးဆရာကိုယ်တိုင်က ဇာတ်ကြောင်းပြန်လည် ပြောဆိုပုံနဲ့ ဒီစာအုပ်ကို ရေးသားပုံဖော်ထားပါတယ်။ အဓိကဇာတ်ကောင် စာရေးဆရာရဲ့ စွန့်စားခန်း ခရီးရှည်ဟာ ဇနီးတစ်ယောက်ကို ရှာဖွေဖို့တင် မဟုတ်တော့ဘဲ၊ သူ့ဘဝ အဓိပ္ပာယ်နဲ့ ချစ်ခြင်းမေတ္တာတရားကိုပါ ရှာဖွေဖို့ ဖြစ်လာတဲ့အခါမှာတော့ …