နေ့ရက်တိုင်းအတွက် အချိန် စီမံခန့်ခွဲနည်း

ဒိုဂျေဆန်း(မြန်မာပြန်)

600 Kyats ကျပ်
“လုပ်စရာတွေကလည်းအများကြီးပဲ။ တစ်နေ့တစ်နေ့ကို အချိန်ကလည်း မလောက်နိုင်ဘူး”လို့ ညည်းညူနေသူတွေကို ဒီစာအုပ်က တစ်နေ့တာအတွက် လုံလောက်တဲ့အချိန်ကို ပေးပါလိမ့်မယ်။ ဒီလိုဆိုလို့ တစ်နေ့ ၂၄ နာရီမှာ လိုအပ်တဲ့ အချိန်နာရီကို ထပ်တိုးပေါင်းထည့်ပေးမှာလို့တော့ မထင်ပါနဲ့။ အချိန်ယန္တရားဆိုတာဟာ လိုတိုပိုးလျော့လုပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဒီစာအုပ်က သင့်ရဲ့ မလောက်မငဖြစ်နေတဲ့ အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲခြင်းနဲ့ တစ်နေ့တာအတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို သင့်စိတ်ကြိုက်ဖြစ်စေမှာလည်းဆိုတာ နည်းလမ်းပေးမှာပါ။ အချိန်တွေကပဲ သင့်ကို ဝါးမျိုးခြင်းကို ခံမလား၊ သင်ကပဲ အချိန်အပေါ် သြဇာညောင်းတဲ့ စီမံခန့်ခွဲသူဖြစ်မလား ဆိုတာကတော့ ဒီစာအုပ်ကို သင်ဖတ်, မဖတ်က ဆုံးဖြတ်ပေး ပါလိမ့်မယ်။ ဒီစာအုပ်ကို ဖတ်ပြီးရင် သင့်ရဲ့ နေ့တာတွေမှာ “အချိန်ကလည်း မလောက်နိုင်ဘူး”လို့ ညည်းတွားသံတွေ ရှိလာမှာမဟုတ်တော့တာ သေချာပါတယ်။