ကျွန်မင်းသား

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ရောမခေတ်ရဲ့ ကျွန်ရောင်းကျွန်ဝယ်စနစ်၊ ပဒေသရာဇ်စနစ်တွေကို အခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ ရေးသားထားတဲ့ ဝတ္ထုရှည်တစ်ပုဒ်။ အေဒီ (၆၉) ခုနှစ်၊ ဗီတီးလီးယပ် ဆိုတဲ့ စစ်ခေါင်းဆောင်တစ်ဦးက ရောမအင်ပါယာကို ဘုရင်အဖြစ် အုပ်ချုပ်ချိန်။ ဗီတီးလီးယပ်ရဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မှုက ပြည်သူတွေအတွက် ကောင်းကျိုးမပြု ဖြစ်လာတဲ့အခါ ဆူပူအုံကြွမှုတွေ၊ နန်းလုပွဲတွေ ဖြစ်လာခဲ့တယ်။ အဲဒီကာလကို နောက်ခံထားပြီး ဒီဇာတ်လမ်းကို အစပြုထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဂလက်ဒီယေတာခေါ် လူလူချင်း တုတ်၊ ဓား၊ လှံ၊ တင်းပုတ်၊ စတဲ့ လက်နက်တွေ ကိုင်စွဲသတ်ပုတ်ကြတဲ့ လောင်းကစားပွဲတွေ၊ ကျွန်စနစ်ရဲ့ ဆိုးယုတ်မှုတွေနဲ့အတူ ရောမအင်ပါယာရဲ့ ဘုန်းမီးနေလ တောက်ပခဲ့ပုံတွေကိုပါ မြင်တွေ့ရမှာပါ။ ဗလေရီယာ ဆိုတဲ့ ရောမခေတ်က အလှဂုဏ်သတင်းထူးတဲ့ အမျိုးသမီးချောလေးရယ်၊ ဂျူလီယပ်ပလေစီဒပ်ဆိုတဲ့ နန်းရေးဝန်ကြီးရယ်၊ အက်စကာ ဆိုတဲ့ ဗြိတိန်လူမျိုး ကျွန်တစ်ဦးရယ်၊ လီစီးနီးယပ်ဆိုတဲ့ ရောမစစ်ဗိုလ်ချုပ်ရယ်၊ ဟစ်ပီးယပ်ဆိုတဲ့ ဓားသိုင်းဆရာကြီးရယ်၊ မာရီယမ်နီဆိုတဲ့ ရဟူဒီမိန်းမပျိုလေးရယ်၊ စတဲ့ စတဲ့ ဇာတ်ကောင်တွေရဲ့ အားပြိုင်မှုတွေကို ရောမအင်ပါရာရဲ့ ခမ်းနားကြီးကျယ်တဲ့ ဇာတ်အိမ်ဇာတ်ကွက်နဲ့အတူ ရင်တဖိုဖို စိတ်လှုပ်ရှားရှား ဖတ်ကြရမယ့် ဘာသာပြန် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။