အီဂျစ်ဘုရင် မာယာရှင်

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဤဝတ္ထုတွင် ဇာတ်လိုက် ဟားမစ်ကစ်သည် ဘာသာရေး သာသနာရေး၌ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ငြားသော်လည်း မိန်းမတို့၏ ပရိယာယ်အဖြာဖြာ မာယာတစ်သိန်း အပလိန်းအနန္တတို့ကို မသိ နားမလည်သဖြင့် အီဂျစ်ပြည်ကို နိုင်ငံခြားသားများ၏ ဖိနှိပ်ခြင်းဘေးမှ ကင်းဝေးအောင် ကြံဆောင်သော အရေးတော်ပုံကြီး ဆုံးရှုံးပျက်ပြားရသည့် သင်ခန်းစာ၊ ဥပဒေသပင် ဖြစ်ပါသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့် ပုဂ္ဂိုလ်တစ်စုံတစ်ယောက်သည် အတတ်မျိုးစုံ ကုံလုံရင့်ထွား စွယ်စုံသမား ဖြစ်ပါမှ တိုင်းပြည်တစ်ခွင် စည်ပင်ဝပြော သာယာသော အဖြစ်ကို ရနိုင်ကြောင်း စာကြည့် ပရိသတ်အပေါင်းအား ကောင်းမြတ်သော စေတနာနှင့် တင်ပြအပ်ပါသည်။