မျက်လုံးပေါင်းတစ်ထောင်နှင့် အခြားဝတ္ထုတိုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဆရာဒဂုန်ရွှေမျှားရဲ့ ဘာသာပြန်ဝတ္ထုတိုတွေကို စုစည်းတင်ဆက်လိုက်တဲ့ စာအုပ်ကောင်း တစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်၊ မှီငြမ်း စာပေလက်ရာများစွာကို ဖန်တီးခဲ့တဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ နောက်ထပ် ဝတ္ထုတိုစုစည်းမှု စာအုပ်တစ်အုပ်။ ဒီစာအုပ်မှာ ဖြစ်ရပ်ဆန်းကြယ် ဂမ္ဘီရ စွန့်စားခန်းနောက်ခံ ဝတ္ထုတိုတွေ ပါဝင်ပြီး တစ်ပုဒ်နဲ့တစ်ပုဒ် မတူညီတဲ့ တင်ပြပုံ၊ ဇာတ်အိမ်ဇာတ်ကွက်တွေ ကွဲပြားခြားနားသလို ထူးခြားတဲ့ ဇာတ်လမ်းတွေကို စိတ်ဝင်စားစရာ ဖတ်ကြရမှာပါ။ ဆရာဒဂုန်ရွှေမျှားရဲ့ ဘာသာပြန်လက်ရာ ဝတ္ထုတိုပေါင်း များစွာထဲကမှ ရွေးထုတ်ပေါင်းစပ်ထားတဲ့ ဒီစာအုပ်လေးကို စာချစ်သူတို့ သဘောကျဦးမှာ သေချာပါတယ်။ ပထမဆုံးတစ်ပုဒ်က ‘ပျောက်ဆုံးနေသော ရွှေမြို့တော်’ တဲ့။ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းပါ။ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပြီး လူတွေနဲ့ ဝေးကွာစွာ ပျောက်ဆုံးနေတဲ့ ရွှေမြို့တော်ကြီးတစ်မြို့ကို စွန့်စွန့်စားစား ရှာဖွေခဲ့ကြတဲ့ လူစွန့်စား အာဇာနည်တွေရဲ့ ရင်ထိတ်သည်းဖို ဖြစ်ရပ်တွေကို ဖတ်ကြရမှာပါ။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုတွေကို စုစည်းထားတဲ့ စာအုပ်ကိုတော့ စာချစ်သူတို့ လက်မလွှတ်သင့်ပါဘူးနော်