မရဏမျက်နှာဖုံးနှင့် အခြားဝတ္ထုတိုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
အမေရိကန် ကဗျာဆရာ၊ စာရေးဆရာကြီး ‘အက်ဂါအလန်ပိုး’ ရဲ့ စိတ်ဝင်စားစရာ ဝတ္ထုတိုတွေကို ဆရာဒဂုန်ရွှေမျှားက မြန်မာဘာသာ ပြန်ဆိုထားတဲ့ စာအုပ်တစ်အုပ်။ ‘အက်ဂါအလန်ပိုး’ ရဲ့ အရေးအသားတွေက ပင်ကိုသဘောပေါ်လွင်ခြင်း၊ စိတ်ကူးဉာဏ် နက်နဲခြင်းတွေ အပြည့်ပါပဲ။ အများအားဖြင့် စိတ်နှလုံးကို တုန်လှုပ်ချောက်ချားဖွယ်၊ ထူးဆန်း အံ့သြဖွယ် ဖြစ်ရပ်တွေကို ပုံဖော်ရေးသားတတ်ပြီး သူ့ရဲ့ ဝတ္ထုဇာတ်လမ်းတွေကလည်း လျှို့ဝှက်ရှုပ်ထွေးတဲ့ ဇာတ်ကွက်ဇာတ်အိမ်တွေနဲ့ တန်ဆာဆင်ထားလေ့ ရှိပါတယ်။ သေခြင်းမရဏနဲ့ အဆုံးသတ်တဲ့ ဝတ္ထုတွေကို ပိုးက အနှစ်သက်ဆုံးလို့ စာပေသုတေသီတွေက ဆိုကြပါတယ်။ အခု ဒီစာအုပ်မှာ ဖတ်ကြရမယ့် ဝတ္ထုတိုတွေရဲ့ မူလစာရေးဆရာကြီး “အက်ဂါအလန်ပိုး” ဟာ စိတ်နှလုံး တုန်လှုပ်ချောက်ချားစရာ ကောင်းတဲ့ ဒီဝတ္ထုတွေကို အလွန်ရင့်သန်ထက်မြက်တဲ့ စိတ်ကူးဉာဏ်နဲ့ ဟာကွက်၊ ပျော့ကွက်၊ မရှိစေရအောင် စေ့စေ့စပ်စပ် ရေးသားသားခဲ့ပါတယ်။ ဒီစာအုပ်မှာတော့ “အက်ဂါအလန်ပိုး”ရဲ့ ဝတ္ထုကောင်းတွေကို ဆရာဒဂုန်ရွှေမျှားရဲ့ ဘာသာပြန်လက်ရာနဲ့ ဖတ်ကြရမယ့် ဝတ္ထုတွေကတော့ … အားရှားဂေဟာ၊ ကျင်းနှင့် ချိန်သီး၊ မရဏ မျက်နှာဖုံး၊ အမွန်တီလာဒို အရက်စည် … အပါအဝင် အခြား ဖြစ်ရပ်ဆန်း၊ ရင်သိမ့်တုန်၊ ချောက်ချား နှလုံးတုန်ဖွယ်ရာ ဝတ္ထုကောင်းတွေကို အရသာရှိရှိ ခံစားကြရမှာပါ။ စာချစ်သူတို့အတွက် အမေရိကန် ဂန္ထဝင်စာရေးဆရာကြီး “အက်ဂါအလန်ပိုး”ရဲ့ လက်ရာမွန်တွေကို ထူးထူးကဲကဲ ဖတ်ရှုကြရမှာမို့ လက်မလွတ်သွားရလေအောင် လက်တို့လိုက်ရပါတယ် ခင်ဗျ။