ဘဘေမတၱာ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာမကြီး ‘မေရီကော်ရယ်လီ’ ရဲ့ နာမည်ကြီးဝတ္ထု ‘Treasure of Heaven’ ကို ဆရာဒဂုန်ရွှေမျှား မြန်မာဘာသာပြန်ဆိုခဲ့တဲ့ ‘ဘဘမေတ္တာ’ စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်အကြောင်း မပြောခင် ဆရာမကြီး မေရီကော်ရယ်လီရဲ့ စာပေလက်ရာတွေအကြောင်း အရင်ပြောပြမယ်နော်။ ဆရာမကြီးရဲ့ စာပေလက်ရာတွေက စာဖတ်သူကို တစိမ့်စိမ့်တွေးပြီး အာရုံခံစားစေနိုင်မှု၊ နက်နဲတဲ့ အတွေးတွေ ပေါ်ပေါက်စေမှုတွေနဲ့အတူ စာအရေးအသားကလည်း နူးညံ့ပြေပြစ်လွန်းတာကြောင့် စာပေဝေဖန်ရေးသမားတွေက ဆရာမကြီးဟာ စာတွေကို နက်နက်နဲနဲ စေတနာကြီးကြီး ရေးတတ်တဲ့ စာရေးဆရာမလို့ ချီးမွမ်းခဲ့ကြပါတယ်။ သူတို့ ဝေဖန်တဲ့အတိုင်းလည်း ဆရာမကြီးရဲ့ စာတွေက အရသာဓာတ် ပြည့်ဝပြီး သူမတူအောင် ထူးကဲတယ်ဆိုတာ ဖတ်ဖူးသူတိုင်း အသိအမှတ် ပြုကြရပါတယ်။ နောက်တစ်ခုက ဆရာမကြီးရဲ့ ဝတ္ထုတွေက ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာအယူအဆမှာရှိတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရား (ဗြဟ္မစိုရ်တရား) တွေကို ဇာတ်ကောင်တွေရဲ့ စိတ်ထဲ ထည့်သွင်းပုံဖော်တတ်တာမို့ မြန်မာဆန်တဲ့ အငွေ့အသက်တွေကိုလည်း ခံစားရနိုင်ပါတယ်။ အခု စာချစ်သူတို့ ဖတ်ကြရမယ့် ဘဘမေတ္တာ ဝတ္ထုကြီးကလည်း ဘာကြောင့် ဂန္ထဝင်တွင်ပြီး ဘာကြောင့် ဒီနေ့အထိ စာဖတ်သူတွေရဲ့ နှလုံးသားမှာ စွဲကျန်နေဆဲ ဝတ္ထုတစ်ပုဒ် ဖြစ်နေရသလဲဆိုတာကိုတော့ စာချစ်သူတို့ကိုယ်တိုင် ဖတ်ကြည့်ပြီး သတ်မှတ်စေချင်ပါတယ်ခင်ဗျ။ ဖတ်ကြည့်ပါ။ သိပ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ပါ ခင်ဗျ။