ကြိုးစင်ပေါ်မှ ဖြောင့်ချက်

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာဒဂုန်ရွှေမျှားရဲ့ ဘာသာပြန်လက်ရာ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ ကြိုးစင်ပေါ်က ဖြောင့်ချက် … တဲ့။ စိတ်ဝင်စားစရာပါပဲ။ လူ့ဘဝရဲ့ အနိမ့်အမြင့်၊ အတက်အကျ၊ ပဉ္စလက်ဆန်တဲ့ ကံတရား၊ ရိုးဖြောင့်တဲ့ နှလုံးသားတချို့ရဲ့ သစ္စာတည်တဲ့ ချစ်ခြင်းမေတ္တာစစ်စစ်၊ လူတွေထဲက လူတချို့ရဲ့ ဘဝဇာတ်ခုံပေါ် ကပြလှုပ်ရှား ရုန်းကန်မှုတွေကို ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေနဲ့ ရောပြွန်းတင်ဆက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ ဇာတ်လမ်းအစက အမည်မဖော်လိုတဲ့ နိုင်ငံရပ်ခြား နယ်မြေဒေသတစ်ခုကနေ အခြေတည် အစပျိုးထားပါတယ်။ ကြည်နူးစရာ သာယာလှပတဲ့ သဘာဝရေမြေအနေအထားတွေရှိတဲ့ အဲဒီဒေသရဲ့ တောင်ကုန်းတွေကြားမှာ ဂရမ်ဒေးဆိုတဲ့ ရွာကြီးတစ်ရွာ ရှိပါတယ်။ အဲဒီရွာကြီးမှာ နေထိုင်ကြတဲ့ မြေပိုင်ရှင် လီစတာမိသားစု၊ လီစတာမျိုးဆက်ထဲက ရဲရင့်တဲ့ လူငယ်လေး ဝေါလ်တာ၊ မယ်ဒီလင်နဲ့ အယ်လီနာဆိုတဲ့ ချောမောလှပတဲ့ ညီအစ်မနှစ်ဦး၊ လူပေလူတေကြီး ဗန်းတာ၊ စတဲ့ စတဲ့ ဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်အထွေထွေက စာဖတ်သူအတွက် ရင်သပ်ရှုမော ခံစားမှုတွေ၊ အံ့အားသင့်စရာ၊ ဝမ်းသာဝမ်းနည်းစရာ၊ လေးစားစရာ၊ အတုယူစရာ၊ သင်ခန်းစာယူစရာတွေနဲ့ ပြည့်နေတဲ့အပြင် စွန့်စားခန်းတွေလည်း ရောပြွန်းနေတာမို့ လက်ကမချနိုင်အောင် ဖတ်ကြရမယ့် ဘာသာပြန် ရသဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။