ကြမ္မာငင်သော ယမ်းတောင့်နှင့် ဆန်းကြယ်သော ဝတ္ထုတိုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဆရာကြီးဒဂုန်ရွှေမျှားရဲ့ ပင်ကိုရေး ဖြစ်ရပ်ဆန်းကြယ်ဝတ္ထုတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ဘဝအတွေ့အကြုံ များခဲ့သလို စာဖတ်နာခဲ့တဲ့ ဆရာဒဂုန်ရွှေမျှား ရေးသားတဲ့ ပင်ကိုရေးဝတ္ထုတွေဟာ နယ်ပယ်ဒေသအစုံက လူမျိုးအစုံရဲ့ ဖြစ်ရပ်အဖုံဖုံကို တစ်ပုဒ်နဲ့တစ်ပုဒ် မထပ်အောင်ကို ရသအမျိုးစုံ ပါ,ပါတယ်။ ဒီစာအုပ်ကတော့ ဆန်းကြယ်ဝတ္ထုများဆိုတဲ့အတိုင်း လူ့လောကမှာ ဖြစ်လေ့ဖြစ်ထ နည်းပါးပြီး ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေကို မြှုပ်ကွက်၊ အုပ်ကွက်၊ လှည့်ကွက်တွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားအောင် ရသဝတ္ထုအဖြစ် ဖန်တီးထားတာမို့ စာချစ်သူတို့ အကြိုက်တွေ့ဦးမှာ အသေအချာပါပဲ။ ဒီစာအုပ်ထဲမှာ … ကြမ္မာငင်သော ယမ်းတောင့်၊ လျှို့ဝှက်သော သင်ခန်းစာ၊ သွေးကြောက်သော လူသတ်သမား၊ ပျောက်ဆုံးနေသော အမှုတစ်မှု၊ ကျားခံတွင်းမှ လွတ်ခဲ့သူ၊ ပြန်ပေးတရားခံကို ဖမ်းပုံ၊ စတဲ့ ဝတ္ထုတွေကို ဖတ်ကြရမှာပါ။