သွေးသောက်ပတ္တမြား

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ ပင်ကိုရေးလက်ရာ လျှို့ဝှက်ဆန်းကြယ် စွန့်စားခန်း လုံးချင်းဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။ တနင်္သာရီခရိုင်၊ လသာချောင်းနဲ့ ပင်လယ်ဝအကြားက ရွာကလေးမှာ ရှိတဲ့ လသာသင်္ချိုင်းက လသာသရဲ၊ ကျောင်းပျက်ကြီး အရိပ်အောက် ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ လူစိမ်း၊ ဆည်းဆာ နေဝင်ချိန်တစ်ခုမှာ အုတ်ဂူပေါ်မှ ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အော်သံကြီး၊ အလောင်းမင်းတရားလက်ထက် ကွပ်မျက်ခံခဲ့ရသော တံခါးမှူးဦးသူရနဲ့ ဦးသူရ မသေခင် လျှို့ဝှက်မြှုပ်နှံထားခဲ့တဲ့ ပတ္တမြားကြီး၊ ဒီပတ္တမြားကြီး မြှုပ်နှံထားရာ အရပ်ကို ညွှန်ပြထားတဲ့ ဝှက်စာမြေပုံအညွှန်း၊ စွန့်စားရဲပြီး သတ္တိကောင်းတဲ့ မောင်လူဝင်း၊ စတဲ့ စိတ်ဝင်စားစရာတွေ အပြည့်နဲ့ ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ လက်ရာ စွန့်စားခန်း ဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။