လောဘအဏ္ဏဝါ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဆရာကြီးဒဂုန်ရွှေမျှားရဲ့ ပင်ကိုရေး ဖြစ်ရပ်ဆန်းကြယ်ဝတ္ထုတိုတွေက တစ်ပုဒ်နဲ့တစ်ပုဒ် မတူခြားနားတဲ့ ဆန်းကြယ်မှုတွေ အများကြီး ပါနေတာကြောင့် စာဖတ်သူတို့ လုံးဝ သဘောကျကြမှာပါ။ လောကကြီးထဲက ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ ကိစ္စတွေကို ဇာတ်လမ်း အလှည့်အပြောင်းတွေနဲ့ စီမံရေးဖွဲ့လိုက်တဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုတွေ ဖြစ်သွားပါတယ်။ ဆရာကြီးဒဂုန်ရွှေမျှားရဲ့ ကလောင်စွမ်းရည်ကလည်း စာဖတ်သူကို တစ်ပုဒ်ပြီးရင် နောက်တစ်ပုဒ် ဆက်ဖတ်ချင်အောင် ဖမ်းစားထားနိုင်တဲ့အပြင် ဇာတ်လမ်းတွေကလည်း ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ ဆိုတော့ ဝန်ဇင်းပရိသတ်ကြီး အကြိုက်ပေါ့။ အထူးသဖြင့်၊ ဒီစာအုပ်မှာပါဝင်တဲ့ ဝတ္ထုတွေက လူတွေရဲ့ လောဘစိတ်နဲ့ လူသတ္တဝါတွေရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ရွှေ၊ ငွေ၊ ရတနာတွေရဲ့ ဖြားယောင်းမှုကြောင့် ထိန်းမနိုင်သိမ်းမရ လောဘဇောကြွခဲ့လို့ ဒုက္ခတွေ့ရပုံတွေကို ထူးခြားဆန်းကြယ် ဖြစ်ရပ်တွေနဲ့ ရောယှက်ဖန်တီးထားတဲ့ ဝတ္ထုတွေပဲ ဖြစ်ပါတယ်။