အသက်ဝင်သော အရုပ်

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
... လွန်ခဲ့သော နှစ်ရက်သုံးရက်လောက်က မောင်စိန်ချောသည် လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ သတင်းစာတစ်စောင်ကို အမှတ်မထင် လှန်လှောကြည့်မိရာတွင် ‘မိန်းမနှစ်ယောက်အား လည်မျိုညှစ်သတ်သူ’ ဟူသော ခေါင်းစဉ်ဖြင့် တရားခံ၏ဓာတ်ပုံကို ဖော်ပြထားပြီးလျှင် ၎င်းတရားခံမှာ စိတ်မနှံ့သူဖြစ်နေသဖြင့် စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ ပို့လိုက်ရကြောင်း၊ ဓာတ်ပုံနှင့် သတင်းကိုပြန်၍ သတိရမိ၏။ ဓာတ်ပုံမှာ မိမိနံဘေးတွင် ထိုင်နေသော လူကြီးပုံပင် ဖြစ်၏။ နာမည်ကိုမူ မမှတ်မိတော့ချေ။ ထိုမျက်နှာပြားပြားနှင့် စိတ်မနှံ့သူ လူ့ဘီလူးကြီးကား မိမိ၏ဘေး၌ ယခုထိုင်ကာ မိမိအား သြဇာပေးလျက် ရှိနေလေပြီ။ သူပေးသည့် အမိန့်အတိုင်း လိုက်နာရပေတော့မည်။ မောင်စိန်ချောမှာ ကြောက်တတ်သူ တစ်ယောက်ဖြစ်သည့်အပြင် ဆင်နှင့်ဆိတ်ပမာ ကွာခြားလှသောလူကြီးအား တွန်းလှန်ခုခံရန်လည်း မဖြစ်နိုင်ချေ။