အင်မ်ကြာရိုး

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကာလကို နောက်ခံထားပြီး ရေးသားထားတဲ့ လျှို့ဝှက်သည်းဖို ဝတ္ထုရှည်တစ်ပုဒ်။ ဆရာကြီးဒဂုန်ရွှေမျှားရဲ့ နာမည်ကျော် ဇာတ်ကောင်တွေဖြစ်တဲ့ စုံထောက်ကြီး ဦးထင်ကျော်၊ ကိုတင်မောင်နဲ့ လူတကာထက် ထူးကဲခြားနားတဲ့ လက္ခဏာဆရာကြီး အင်မ်ကြာရိုးတို့ရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်း။ ယောက်ျားတစ်ထောင်မှာ တစ်ယောက်မြင်ရခဲတဲ့ အင်မ်ကြာရိုး။ နာမည်နဲ့ အလုပ်အကိုင်အရ ရှေးကျတဲ့ မြန်မာအမျိုးသားတစ်ဦးလို့ ထင်ရနိုင်ပေမဲ့ တကယ်တမ်းမှာတော့ အင်မ်ကြာရိုးဆိုတာ ဘလေဇာကုတ်၊ ရှူးဖိနပ်၊ ရှပ်လက်ရှည်၊ စတိုင်ဘောင်းဘီရှည်နဲ့ အနောက်တိုင်း ရုပ်ရှင်မင်းသားတစ်လက်လို ခေတ်မီစတိုင်ကျတဲ့ လူတစ်ယောက်။ ဗေဒင်ဆရာဆိုလို့ သူလိုငါလို ဗေဒင်ဆရာမျိုး မထင်လိုက်နဲ့။ အင်မ်ကြာရိုးဆိုတာ ဝေလမင်းသား ထီးနန်းစွန့်လိမ့်မယ်လို့ ကြိုဟောခဲ့လို့ ကိုလိုနီခေတ် မျက်နှာဖြူတွေကတောင် စောင့်ကြည့်ကြရတဲ့ ပုဂ္ဂိုလ်။ မြန်မာပြည်မှာ ဂဠုန်ထလိမ့်မယ်ဆိုပြီး ကြိုဟောခဲ့တဲ့ ပညာရှင်။ ဒီလို ပညာရှင်ပုဂ္ဂိုလ်တစ်ဦးရယ်၊ မြန်မာပြည်စုံထောက်လောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ စုံထောက်ကြီးဦးထင်ကျော်ရယ်၊ ထိပ်တိုက်ဆုံတဲ့အခါ ဘယ်လို ထူးခြားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာမလဲ၊ ဘယ်လိုမှုခင်းတွေကို ဘယ်လိုပညာရပ်တွေနဲ့ ပူးပေါင်းဖော်ထုတ်မလဲ၊ စိတ်ဝင်စားစရာပါပဲ။