ငယ်ကချစ် အနှစ်တစ်ရာနှင့် လက်ရွေးစင်ဝတ္ထုတိုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
စာအစုံရေးနိုင်သလို ရေးသမျှစာတိုင်းကလည်း စာကောင်းပေကောင်းတွေ ဖြစ်ခဲ့တဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ ပင်ကိုရေး လက်ရွေးစင်ဝတ္ထုတိုတွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ ဆရာဒဂုန်ရွှေမျှားက ပင်ကိုရေးရော၊ ဘာသာပြန်ပါ ဝတ္ထုရှည်များစွာ ရေးခဲ့သလို ဝတ္ထုတိုတွေကလည်း မနည်းလှပါဘူး။ လျှို့ဝှက်သည်းဖို၊ ဂမ္ဘီရဆန်းကြယ်၊ မှုခင်းစုံထောက်၊ ဖြစ်ရပ်ဆန်းကြယ်တွေအပြင် ဒီစာအုပ်လို ဘဝရသပုံဖော်မှု ဝတ္ထုတိုတွေကိုလည်း အများကြီး ရေးခဲ့ပါတယ်။ အဲဒီအထဲကမှ ဆရာ့စိတ်ကြိုက် လက်ရွေးစင်ဝတ္ထုတိုတွေကို စုစည်းပြီး ‘ငယ်ကချစ် အနှစ်တစ်ရာ’ အမည်နဲ့ စာအုပ်လေးအဖြစ် စာချစ်သူတို့လက်ထဲ ပေးပို့ခဲ့တာပါ။ ဒီစာအုပ်မှာတော့ … ငယ်ကချစ် အနှစ်တစ်ရာ၊ ချစ်ပန်းငုံ၊ သုံးပွင့်ဆိုင်အချစ်၊ မြေမသေ တုတ်မကျိုး စတဲ့ ဝတ္ထုတိုတွေအပါအဝင် အခြား ဘဝရသနဲ့ ချစ်ခြင်းမေတ္တာဘွဲ့ ဝတ္ထုတိုတွေကို တစ်ပုဒ်ချင်းစီ၊ မတူကွဲပြားတဲ့ ရသတစ်မျိုးစီနဲ့ ခံစားကြရမှာ ဖြစ်ပါတယ်။