ကိုးပြင့္ဖူးစာ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာဒဂုန်ရွှေမျှားရဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို တစ်ခေတ်တစ်ခါက ရုပ်ရှင်ဇာတ်ကားအနေနဲ့ရော၊ ကက်ဆက်ဇာတ်လမ်းအဖြစ်ပါ အနုပညာရှင်၊ အတတ်ပညာရှင်တွေက အကြိမ်ကြိမ် ပုံဖော်ခဲ့ကြပါတယ်။ လျှို့ဝှက်သည်းဖို၊ မှုခင်းဆန်ဆန်နဲ့ စိတ်ဝင်စားစရာ အလှည့်အပြောင်းတွေက စာဖတ်သူကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ အထူးအထွေတောင် ပြောစရာ လိုမယ်မထင်ပါဘူး။ သုံးထောင့်ပုံ ငွေပြားကလေးတစ်ပြား၊ အဲဒီ ငွေပြားလေးက သာမန်ငွေပြားမျိုးထက် ပိုထူးခြားနေပါတယ်။ အဲဒါကတော့ ငွေပြားရဲ့ ထောင့်တွေမှာ အပေါက်လေး ကိုးပေါက်တိတိ ပါဝင်ပြီး တစ်ပေါက်နဲ့ တစ်ပေါက် မတူညီတဲ့ ပုံမျိုး ရှိကြတယ်။ အဲဒီ ထူးခြားတဲ့ ငွေပြားလေးကို ကောက်ရခဲ့တဲ့ ဒေါက်တာလေးရယ်၊ ကိုးပွင့်ဆိုင်အသင်းရယ်၊ နန်းကေသီဆိုတဲ့ မိန်းမချောလေးရယ်၊ များပြားတဲ့ ရတနာပစ္စည်းတွေရယ်၊ ချိတ်ဆက်ပတ်သက်လာတဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဘယ်လိုဘယ်ပုံ ဖြစ်တည်လာမလဲ ဆိုတာကတော့ …