ဗုဒ္ဓမြတ်စွာ ဘာပြောခဲ့သလဲ

ဒဂုန်ဦးထွန်းမြင့်

600 Kyats ကျပ်
ဆရာကြီးဒဂုန် ဦးထွန်းမြင့် ဆိုရင် စာချစ်သူတို့အနေနဲ့ ငယ်ငယ်က နှုတ်ရည်ဝခဲ့ကြတဲ့ "သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကဗျာများ" ကနေ ရင်းနှီးပြီးဖြစ်ပါလိမ့်မယ်။ ဆရာကြီးဟာ စာအုပ်တွေ အများကြီးရေးခဲ့တဲ့အထဲက ထင်ရှားတဲ့စာအုပ်တွေထဲမှာ အခု ညွှန်းပေးချင်တဲ့ "ဗုဒ္ဓမြတ်စွာ ဘာပြောခဲ့သလဲ"ဆိုတဲ့ စာအုပ်ဟာလည်း တစ်အုပ်အပါအဝင်ပါပဲ။ ဘာကြောင့် ဒီစာအုပ်က ထင်ရှားရသလဲ... ကြည့်ရအောင်ပါ။ - ပထမထူးခြားချက်က ဒီစာအုပ်ဟာ ဘုရားဟော ဒေသနာတော် အဆီအနှစ်တွေကို ပါဠိပါဋ္ဌ်သား လုံးဝမပါဘဲ လူကြီး၊ လူငယ်၊ လူလတ်မရွေး နားလည်လွယ်အောင် အရိုးရှင်းဆုံး ရေးထားခြင်းဖြစ်ပါတယ်။ - ဒုတိယထူးခြားချက်ကတော့ မြတ်ဘုရားဟောကြားတော်မူခဲ့တဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ထဲကမှ လူ့ဘောင်လောကမှာ အံဝင်ခွင်ကျ လက်တွေ့သုံးနိုင်တဲ့ နည်းလမ်းများကို အလွယ်ကူဆုံး ရေးထားတာပါ။ - တတိယထူးခြားချက်ကတော့ ဒီစာအုပ်ထဲမှာပါတဲ့ စာသား၊ နီတိတွေဟာ အရွယ်သုံးပါးစလုံးအတွက် ကိုက်ညီနေပြီး လိုက်နာကျင့်သုံးသူတွေအတွက် လောကီလောကုတ် နှစ်ဖြာအကျိုး ဖြစ်ထွန်းစေနိုင်ပါတယ်။ - စတုတ္ထထူးခြားချက်ကတော့ ဗုဒ္ဓမြတ်စွာ ဟောခဲ့ ပြောခဲ့တဲ့စကားတွေ ဆိုပေမယ့် ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို လေ့လာဖတ်ရှုနိုင်ပြီး လက်တွေ့ကျင့်သုံးရင် ကျင့်သုံးနိုင်သလောက် အနိမ့်ဆုံးအကျိုးအနေနဲ့ ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဒီစာအုပ်ရဲ့ အနည်းငယ်မျှသော ထူးခြားချက်တွေကို ဖော်ပြခြင်းပဲဖြစ်ပါတယ်။ ကျန်တဲ့ အကျိုးကျေးဇူးတွေကိုတော့ စာချစ်သူကိုယ်တိုင် လက်တွေ့သိရအောင် အခုပဲ ဝန်ဇင်းကနေ ဖတ်ကြည့်လိုက်ပါတော့နော်။